Healthy Life Ad
Life Style

Methamphetamine (မက်သမ်ဖတမင်း)

ဒေါက်တာတင့်ဆွေ

(ဒီစာတင်တာ စေတနာမှားတယ်လို့ ပြောမယ့်သူနဲ့ သူခိုးလမ်းပြလို့ပြောမယ့်သူ ပေါ်အုန်းမလားတော့မသိပါ။ ခပ်လန့်လန့်ပဲ။)

Yabba (ယာဘ)ဆိုတာ Methamphetamine (မက်သမ်ဖတမင်း)ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများနိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamine နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။ အဖြူရောင်အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေသောက်တယ်။ နှာခေါင်းကနေရှူတယ်။ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ ဆေးလိပ်လိုလဲသောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။

လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှာ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းက ထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက်နောက်ပါ ဖြစ်သွားသူတွေလည်း များတာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး။

ကလပ်တွေမှာ အသုံးများလို့ Club drug လို့ ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေရှိတယ်။ Crystal meth, meth, crystal, shabu, batu, dmeth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလည်း speed dexedrine, dexies, dex, shad, goee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။

ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့မရတဲ့ စိတ်ဓါတ်ကျရောဂါအတွက်လဲ သုံးတယ်။

(မက်သမ်ဖတမင်း) ဟာ အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆနည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိ ပြောင်းလာမယ်။

စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများမမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ထင်နေမယ်။

အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓာတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုးမက်မယ်။ ရေရှည်မှာ ဆိုးတာတွေဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ်များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။

ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ် …

ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။

ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/ Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ်ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ နှလုံးသွေးကြောရောဂါလဲ ရလာနိုင်တယ်။

Cocaine (ကိုကိန်း)တို့ Amphetamine (အင်ဖက်တမင်း)တို့နဲ့မတူတာက Methamphetamine ဟာ ဦးနှောက်အလယ်ပိုင်းမှာရှိတဲ့ Dopaminene-urons အာရုံကြောကိုထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုးဖြစ်တယ်။ Parkin­son’s disease ရောဂါရလမ်းလည်းများတယ်။

ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။

ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာများတယ်။ ဒါပေမဲ့ အောင်မြင်မှုနည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ်အားဆေး နေ့တိုင်းပေးနိုင်တယ်။ ဗီတာမင်(စီ)ပေးတာလဲကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲသုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲ သုံးရတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top