Healthy Life Ad
International

အိမ်သုံးသန့်စင်ပစ္စည်းများက ကလေးများကို ကိုယ်အလေးချိန်မြင့်တက်စေနိုင်

၊ ကိုထက် ၊

သင်သိပါသလား။ အိမ်သုံးသန့်စင်ပစ္စည်းတွေက အိမ်ရှိကလေးတွေရဲ့ အူလမ်းကြောင်းရှိ ပိုးမွှားကို ပြောင်းလဲပေးနိုင်တဲ့နည်းနဲ့ ကလေးတွေကို ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါတယ်။

ကနေဒါမှ လေ့လာသူတွေက မွေးကင်းစကလေးတွေရဲ့ မစင်ထဲကပိုးတွေကို တိုင်းတာစစ်ဆေးခဲ့တဲ့အခါ အိမ်သုံးသန့်စင်ပစ္စည်းတွေကို မကြာခဏအသုံးပြုနှုန်းအများဆုံး မိသားစုတွေမှာ ၃-၄ လအရွယ်ကလေးတွေရဲ့ အူလမ်းကြောင်း ပိုးမျှခြေ ပြောင်းလဲမှုအများဆုံး ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

အိမ်သုံးသန့်စင်ပစ္စည်းတွေကို မကြာခဏအသုံးပြုတဲ့ မိသားစုက ကလေးတွေမှာ အူလမ်းကြောင်း ပိုးမွှားပြောင်းလဲနေပြီး ပတ်ဝန်းကျင်အကျိုးပြု သန့်စင်ဆေးရည် (ဥပမာ- ဆော်ဒါမှုန့်၊ ရှလကာရည်)တွေကိုသုံးပြီး သန့်စင်တဲ့ မိသားစုက ကလေးတွေမှာတော့ ပြောင်းလဲမှုမရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

“ပတ်ဝန်းကျင်အကျိုးပြု အိမ်သုံးသန့်စင်ပစ္စည်းတွေကို အသုံးများတဲ့ မိသားစုဝင်ကလေးတွေမှာ အူလမ်းကြောင်းပိုးမွှားသိသိသာသာ လျော့နည်းနေတာကိုတွေ့ရပါတယ်”လို့ လေ့လာသူကို ဇန်စကီကဆိုပါတယ်။ ဒီလို ပတ်ဝန်းကျင်အကျိုးပြု အိမ်သုံးသန့်စင်ပစ္စည်းသုံးတဲ့ မိသားစုတွေကကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလည်းရှိတဲ့အတွက် ကလေးတွေရဲ့ အူလမ်းကြောင်း ကျန်းမာပြီး ကိုယ်အလေးချိန် ပုံမှန်ရှိနေတာ ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒီလေ့လာမှုကို ကနေဒီဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top