Healthy Life Ad
Q & A

မှဲ့ကင်ဆာဖြစ်မှာစိုးတယ် . . .

မေး ။ မျက်နှာတင်မက တစ်ကိုယ်လုံး မှဲ့တွေ များပါတယ်။ ကျွန်မ မှဲ့ကင်ဆာဖြစ်မှာ စိုးရိမ်လို့ပါ။ မှဲ့ကင်ဆာ ဖြစ်လာရင် ဘယ်လို ပြောင်းလဲလာမှာလဲ သိချင်ပါတယ်။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ မှဲ့ကို ဓာတ်ပုံရိုက်ထားပြီး ဓာတ်ပုံနောက်မှာ ရက်စွဲနဲ့မှတ်ထားသင့်ပါတယ်။ မှဲ့ကိုစစ်ဆေးနိုင်တဲ့ dermoscopy ဆိုတာရှိပါတယ်။ မှဲ့ကင်ဆာဆို သိသာတဲ့ ပြောင်းလဲခြင်းတွေရှိပါတယ်။

မှဲ့တစ်ပေါက်က အရောင်ပြောင်းလဲရင်၊ ပုံစံ ပြောင်းလဲရင်၊ အထူအပါးပြောင်းလဲရင်၊ မှဲ့တစ်ဖက်နဲ့ တစ်ဖက် မျက်နှာပြင်မညီညာရင်၊ မှဲ့လေးကွင်းက မညီတော့ရင်၊ ဖုတတ်လာရင်၊ ထိလိုက်လို့ သွေးထွက်ရင်၊ အချင်း ၆ မီလီမီတာ ထက်ပိုကြီးရင်၊ တစ်ခုခုပြောင်းလဲရင်၊ ကြီးလာရင် အထူးသတိထားကြပါ။မှဲ့ကင်ဆာဖြစ်တတ်ပါတယ်။

ခံစားချက်ဖြစ်တဲ့ မှဲ့နေရာမှာ ယားလာတာ၊ နာလာတာ၊ ခိုးလိုးခုလု ဖြစ်လာတာ ဆိုရင်လည်း သတိထားရမယ်။ မှဲ့ရောင်ရမ်းလာတာလည်း သတိထားရမယ်။ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆေးရုံကြီးက အရေပြားအထူးကုဌာနမှာပြသပြီး စစ်ဆေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top