Healthy Life Ad
Life Style

ရိုးတွင်းခြင်ဆီ ရောဂါများ (Bone Marrow Diseases)

ဒေါက်တာတင့်ဆွေ

ကျွန်တော့ နာမည်က (—) ပါ။ အသက်က ၃၀ပါ။ လက်ရှိ(—)မှာနေပါတယ်။ အိမ်ထောင်မရှိပါ။ ရိုးတွင်းခြင်ဆီနဲ့ ပတ်သက်တဲ့ ရောဂါတွေအကြောင်း စုံလင်စွာသိချင်လို့ပါခင်ဗျာ။

ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲကအရိုးပွကို ခေါ်တယ်။ အရိုးတိုင်းမှာတော့မရှိပါ။ Sternum ရင်ညွန့်ရိုး၊ Pelvis တင်ပါးဆုံရိုး၊ Femur ပေါင်ရိုးတွေမှာ ရှိတယ်။ သူ့ထဲမှာ ကနေ့ဆေးပညာမှာ ခေတ်စားလာတဲ့ Stem cells (စတင်မ်-ဆဲလ်) ဆိုတာတွေ ရှိတယ်။ အမှန်က မရင့်ကျက်သေးတဲ့ Immature cells (ဆဲလ်)တွေဖြစ်တယ်။ သူတို့ကနေ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုံတွေ ဖြစ်လာရတယ်။

Genetic makeup မျိုးဗီဇနဲ့ Environmental factors ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေလည်း ရိုးတွင်းခြင်ဆီရောဂါတွေ ဖြစ်လာစေနိုင်တယ်။ တမျိုးမျိုးကို လိုတာထက်ပိုထုတ်နေရင် ကျန်တာတွေ ထုတ်တာကို နည်းစေမယ်။

ရိုးတွင်းခြင်ဆီမှာ ရောဂါရရင် အဲဒါတွေဖြစ်လာမှာကို နည်းစေ၊ မှားစေတယ်။ Leukemia ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေဖြစ်လာတဲ့ ကင်ဆာဖြစ်တယ်။ Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဖြစ်နေရင် သွေးဖြူဥတွေ မထုတ်နိုင်ဘူး။ Lymphoma (လင်ဖိုးမား) ကင်ဆာဖြစ်ရင်လည်း ရိုးတွင်းခြင်ဆီကိုပြန့်လာမယ်။ Genetic makeup မျိုးဗီဇနဲ့ Environmental factors ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေလည်း ရိုးတွင်းခြင်ဆီရောဂါတွေ ဖြစ်လာစေနိုင်တယ်။

တမျိုးမျိုးကို လိုတာထက်ပိုထုတ်နေရင် ကျန်တာတွေထုတ်တာကို နည်းစေမယ်။ တည်နေနိုင်အောင် ထောက်ကူရတဲ့(တစ်ရှူး)တွေက ပိုများများဖြစ်နေရင် (ဆဲလ်)အရေအတွက်နဲ့ ပုံသဏ္ဌာန်ပြောင်းစေမယ်။ (ဆဲလ်)တွေ သက်တမ်းကုန်တာ နောက်ကျရင်လည်း များနေမယ်။ သေတာမြန်တာလည်း ဖြစ်နိုင်တယ်။ သံဓာတ်နည်းနေရင်လည်း Microcytic anemia ရောဂါရစေမယ်။ တခြားနေရာကရောဂါတွေ သူ့ဆီကူးလာရင်လည်း သူ့အလုပ်ထိခိုက်တဲ့ရောဂါ ရစေတယ်။

– Leukemia အကြောင်းရေးပြီးဖြစ်ပါတယ်။

– Myeloproliferative disorders (MPD) ဆိုတာက အုပ်စုလိုက်ရှိတယ်။ သက်တမ်းနုသေးတဲ့ (ဆဲလ်)တွေ ပိုထုတ်ပေးနေတယ်။ သွေးဖြူဥ ၅မျိုးထဲက တမျိုးမျိုး၊ သွေးနီဥနဲ့ သွေးမှုံကဲပြီး ဖြစ်လာမယ်။ မရင့်သေးရင် ရိုးတွင်းခြင်ဆီကနေ မထွက်လို့ အထဲမှာ ရင့်မှည့်မှုမတူတာတွေ ရောထွေးနေမယ်။

– Myelodysplastic Syndrome (MDS) ဆိုတာကလည်း အုပ်စုလိုက်ရှိတယ်။ (ဆဲလ်) ထုတ်လုပ်မှု မူမမှန်တာဖြစ်နေတယ်။ အရေအတွက်နည်းလို့ သွေးအားနည်းမယ်။ ရောဂါပိုးဝင်လွယ်မယ်။ သွေးထွက်လွယ်မယ်။ နောက်ပိုင်းမှာ Acute myeloid leukemia ဆိုတာဖြစ်လာစေတယ်။

– Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဆိုတာ သွေးနီဥဖြစ်လာစေမယ့် Stem cell တွေ ထုတ်ပေးတာ နည်းလို့ဖြစ်လာတယ်။ Benzene (ဘင်ဇင်း)၊ Radiation ဓါတ်ရောင်ခြည်နဲ့ တချို့ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မျိုးဗီဇချို့ယွင်းလို့ Fanconi’s anemia လည်း ဖြစ်နိုင်တယ်။ Human parvovirus ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်တယ်။

– Plasma cell disorders ဆိုတာ B Lymphocyte နဲ့ သူ့ Antibody protein ကြောင့် ဖြစ်တယ်။ ရိုးတွင်းခြင်ဆီရောဂါ လက္ခဏာတွေက အမျိုးမျိုးဖြစ်နိုင်တယ်။

– Fever ဖျား၊

– Weakness, fatigue, and pallor due to anemia အားယုတ်၊ သွေးအားနည်း၊ ဖြူဖတ်ဖြူရော်ဖြစ်၊

– Weight loss ကိုယ်အလေးချိန်ကျ၊

– Swollen lymph nodes, liver, spleen, kidneys, and testicles တက်စိ၊ ဘေလုံး၊ ကျောက်ကပ်၊ ကျား-အစိတွေကြီးလာ၊

– Bleeding and bruising သွေးယို၊ သွေးခြည်ဥ၊

– Night sweats ညချွေးထွက်၊

– Bone and joint pain အရိုး၊ အဆစ်တွေနာ၊

– Frequent infections ရောဂါပိုးခဏခဏဝင်၊

– Headaches, vomiting, confusion, and seizures ဦးနှောက်မှာသက်ရောက်ရင် ခေါင်းကိုက်၊ အန်၊ စိတ်ရှုပ်ထွေး၊ တက်တာတွေဖြစ်နိုင်တယ်။

Tests စစ်ဆေးနည်းတွေ –

– Complete blood count (CBC) and differential သွေးစစ်ရမယ်။

– Bone marrow aspiration/biopsy လုပ်မယ်။

– Flow Cytometry စမ်းသပ်နည်းလုပ်မယ်။

– Genetic Tests မျိုးဗီဇစစ်နိုင်တယ်။

– Lumbar puncture ခါးရိုးဆစ်က အရည်ဖောက်စစ်မယ်။

– X-rays ဓါတ်မှန်ရိုက်မယ်။

Treatment ဘယ်လိုကုသမလဲ

ကာကွယ်လို့မရပါ။ ကုသနည်းတွေမှာ Medicines ဆေးဝါး၊ Blood transfusions သွေးသွင်းတာလုပ်တယ်။ တခြားကုသနည်းတွေနဲ့ မသက်သာရင် Bone marrow transplant ရိုးတွင်းခြင်ဆီ အစားထိုးနည်းတွေသုံးရတယ်။ Leukemia ဖြစ်ရင် Chemotherapy or Radiation နည်းတွေနဲ့ ကုသတယ်။ Acute leukemia ကို တခါတလေ ကုလို့ရတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top