Healthy Life Ad
Q & A

ဘီယာသောက်တိုင်း မျက်နှာနီခြင်း

မေး ။ ဘီယာသောက်တော့ မျက်နှာတစ်ခုလုံး နီလာတာက မတည့်လို့ ဖြစ်တာလား။
ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ဘီယာနဲ့မတည့်လို့လည်း ဖြစ်နိုင်တယ်၊ ဘီယာမှာပါတဲ့ အယ်လ်ကိုဟောကြောင့် သွေးပြန်ကြောတွေကျယ်ပြီး ဖြစ်တာလည်း ဖြစ်နိုင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် သွေးကြောတွေ ကျယ်ပြန့်တဲ့နှုန်းမတူတဲ့အတွက် ကိုယ်က သွေးပြန်ကြောတွေ သူများထက်ပိုကျယ်လို့လည်း ဖြစ်နိုင်ပါတယ်။ ဘီယာသောက်ပြီး ယားယံတာ၊ သွေးပေါင်ကျတာတို့နဲ့ တွဲဖြစ်ရင်တော့ လုံးဝမသောက်သင့်ပါဘူး။ ဘီယာ သောက်ပြီး မျက်နှာရဲရုံပဲ၊ သွေးပေါင်ကျတာ၊ သွေးခုန်နှုန်းမြန်တာတွေ မရှိဘူး၊ ခြေဖျားလက်ဖျားအေးတာမရှိဘူးဆိုရင်တော့ သွေးပြန်ကြောကျယ်တာပဲ ဖြစ်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top