Healthy Life Ad
Women

အသက် ၄၀ကျော်ဂျနီဖာအနစ္စတန် နုပျိုလှပရသည့် လျှို့ဝှက်ချက်

လရိပ်မေ
အရင်တုန်းက လေ့ကျင့်ခန်းလုပ်ရတာကိုသဘောမကျခဲ့ဘူးလို့ ဂျနီဖာကဆိုပါတယ်။ အခုတော့ လေ့ကျင့်ခန်းလုပ်ရတာကို စိတ်ဝင်စားနေပြီဖြစ်တာကြောင့် တစ်ပတ်မှာ လေးကြိမ်- ငါးကြိမ်လောက် လေ့ကျင့်ခန်းလုပ်ဖြစ်ကြောင်း၊ တစ်ကြိမ်လေ့ကျင့်ရင် ယောဂကျင့်တာကို နှစ်နာရီပေးလေ့ရှိကြောင်း ဆိုပါတယ်။ သူက နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ရင် တစ်နေ့လုံး ပင်ပန်းနေတတ်တာကြောင့် ညပိုင်းမှာ လေ့ကျင့်ခန်းလုပ်လေ့ ရှိပါတယ်။

နေကာခရင်မ်ကိုပုံမှန်လိမ်းပြီး နှုတ်ခမ်းသား ပြည့်တင်းနေအောင် ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်ဆောင်ပါတယ်။ နည်းလမ်းကတော့ သကြားလက်ဖက်စားဇွန်းဝက်နဲ့ ရေနည်းနည်းကိုရောပြီး သွားတိုက်တံနဲ့ ထိကာ နှုတ်ခမ်းသားတွေကို တစ်မိနစ်လောက် ပွတ်တိုက်ပေးတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကို နေ့စဉ်ပြုလုပ်ပါတယ်လို့ ဆိုပါတယ်။

နံနက်ခင်းတိုင်းလုပ်နေကြနည်းကတော့ မျက်လုံး ပေါ်ကို အေးနေတဲ့ရေခဲဝတ်ကပ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီနည်းကို ၁၀မိနစ်လောက်လုပ်ပေးတာကြောင့် မျက်ဝန်းတွေကို ပင်ပန်းနွမ်းနယ်တဲ့အသွင် ပျောက်သွားပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top