Healthy Life Ad
Q & A

ကြက်ကြော်၊ အကင်နဲ့ ပီဇာအစားများရင် . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)
မေး. အခုနောက်ပိုင်း ကလေးတွေက ကြက်ကြော်၊ အကင်၊ ပီဇာတွေ အစားများလာတာတွေ့ရပါတယ်။ အဲဒါ ဘာဖြစ်တတ်ပါသလဲရှင့်။

ဖြေ. အခုနောက်ပိုင်း မြန်မာကြက်ကို စားတာနည်းပြီး နိုင်ငံခြားကလာတဲ့ အဆီများတဲ့ကြက်တွေကို ကြော်ထားတဲ့ ကြက်ကြော်တွေကို ပိုစားကြပါတယ်။

ဆရာမတွေ့ရတဲ့ တချို့လူနာတွေကို မေးကြည့်လိုက်ရင် အဲဒီအဆီများတဲ့ကြက်ကြော်တွေ အတော်လေး အစားများတာကိုတွေ့ရပါတယ်။ ကြက်ဥချောင်းတွေ၊ အကင်တွေကိုစားကြတာပါ။ ကြက် ကြော်တွေတအားစားတယ်၊ အချိုရည်(Soft Drinks) တွေသောက်တယ်။ ဟမ်ဘာဂါတွေ၊ အာလူးချောင်း ကြော်တွေ စားတယ်၊ ပီဇာလိုမျိုး အမြန်စာတွေ စားတယ်။ ဒီလိုအစားများတဲ့ ကလေးတွေက ငါးတန်း၊ ခြောက်တန်း အရွယ်လောက်လည်းရောက်ရော အဆီတွေများပြီး ခန္ဓာကိုယ်က ဝလာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top