Healthy Life Ad
Health Tips

ကြက်ခြေထောက်ဟင်းလျာစားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူများ

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကြက်သားစားတဲ့အခါ အများစုက ရင်ပုံသားကို အကြိုက်ဆုံးလို့ဆိုတတ်ကြပါတယ်။ ကြက်သားမှာ ကြက်ခြေထောက်ကို တွယ်ဆက်တစ်သျှူးတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကျန်းမာရေးအကျိုး ကျေးဇူးများစွာရှိပါတယ်။ ကြက်ခြေထောက်စားရင် ကော်လာဂျင်ဓာတ်ရရှိစေပါတယ်။ ကော်လာဂျင်ဆိုတာ ဒီနေ့ခေတ်မှာ အိုမင်းမှုကိုဟန့်တားပေးတဲ့အရာ ဖြစ်ပါတယ်။ ခြုံပြောရရင် ကြက်ခြေထောက်စွပ်ပြုတ်၊ ကြက်ခြေထောက်ပြုတ်သုပ် စတာတွေကိုစားတာကြောင့် အောက်ပါကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

– အသားအရေ ကျန်းမာလှပစေပါတယ်

မျက်နှာအသားအရေမှာ အရေးကြောင်းကင်းချင်တယ်၊ ဒါပေမဲ့ အိုမင်းမှုတားပေးတဲ့ အလှကုန်တွေလည်း မသုံးဖြစ်ဘူးဆိုရင် ကြက်ခြေထောက်ဟင်းလျာကိုစားပေးပါ။ ကြက်ခြေထောက်ဟင်းလျာမှာပါတဲ့ ကော်လာဂျင်ဓာတ်က အသားအရေကို တင်းရင်းစိုပြည်စေပြီး အရေးကြောင်းနဲ့ ပါးရေတွန့်တာ၊ အသားအရေတွဲကျတာတို့ကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

– လက်သည်းခြေသည်းတွေကို လှပသန်စွမ်းစေပါတယ်

ကြက်ခြေထောက်စားတာကြောင့် အသားအရေအတွက်သာမက လက်သည်းခြေသည်းတွေကိုပါ လှပသန်စွမ်းစေပါတယ်။ ကြက်ခြေထောက်မှာ ပါဝင်မှုများတဲ့ ကော်လာဂျင်ဓာတ်က လက်သည်းခြေသည်းကို လှပစေပါတယ်။ လက်သည်းကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ရင် ကြက်ခြေထောက်ဟင်းလျာကို ပုံမှန်စားပေးပါ။

– အဆစ်နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်

ကြက်ခြေထောက်ဟင်းလျာစားတာကြောင့် သင့်ကိုနုပျိုစေရုံသာမက စိတ်ကိုပါ နုနယ်ပျိုမြစ်စေပါတယ်။ ကြက်ခြေထောက်မှာပါတဲ့ ကော်လာဂျင်က အဆစ်တွေကို ပြန်လည်ပြုပြင်ပေးပြီး နာကျင်ရောင်ရမ်းမှုမဖြစ်အောင် ထိန်းပေးပါတယ်။ ခြေထောက်အဆစ်နာကျင်မှု မဖြစ်ချင်ရင် သင်စားတဲ့အစာထဲ ကြက်ခြေထောက်ထည့်စားပေးပါ။

– အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်

ကြက်ခြေထောက်ထဲမှာပါတဲ့ ကော်လာဂျင်က အစာကြေညက်စေပြီး သင်စားသမျှအစာထဲက အာဟာရဓာတ်တွေရဲ့ ကောင်းကျိုးကို အပြည့်အဝရရှိစေပါတယ်။ ကြက်ခြေထောက်မှာတဲ့ တွယ်ဆက်တစ်သျှူးတွေက အူလမ်းကြောင်း ကျန်းမာစေပါတယ်။

– ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်

ကြက်ခြေထောက်မှာ အဆီနဲ့ကြွက်သားမပါတဲ့အတွက် ကယ်လိုရီပါဝင်မှုနည်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းသူတွေအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် ကြက်ခြေထောက်မှာပါတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ဇီဝရုပ်ဖြစ် ပျက်မှုအားကောင်းစေပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top