Healthy Life Ad
Women

မြင်သူတိုင်း အေးချမ်းသောအလှ ခံစားနိုင်စေရန်

၊ လရိပ်မေ ၊

သင့်ကိုမြင်လိုက်ရင် မြင်သူတိုင်း အေးချမ်းတဲ့အလှနဲ့ ကြည့်ကောင်းနေစေဖို့ သင်လိုက်နာသင့်တဲ့အချက်တွေကို အကြံပြုရေးသားလိုက်ရပါတယ်။

(၁) မတောက်ပသော မိတ်ကပ်ကို လိမ်းပါ

သဘာဝကျကျကြည့်ကောင်းစေမယ့် ပျော့ပျောင်းတဲ့ မိတ်ကပ်မျိုးကိုလိမ်းတာက မြင်သူအေးမြပြီး ကြည့်ကောင်းစေပါတယ်။

(၂) ဖောင်ဒေးရှင်းမိတ်ကပ်ကို နည်းနည်းပဲလိမ်းပါ

ဖောင်ဒေးရှင်းမိတ်ကပ်ကို နည်းနည်းပဲ လိမ်းသင့်ပါတယ်။ ဒါဆိုရင် နေပူချိန်မှာ အရေပြားနီမြန်းတာကို လျော့ပါးစေပါတယ်။

(၃) နှုတ်ခမ်းကို အရောင်ဖျော့ဖျော့ဆိုးပါ

မြင်သူတိုင်းအေးချမ်းစေချင်ရင် တောက်ပပြီး ရင့်မှောင်တဲ့ နှုတ်ခမ်းနီကိုမဆိုးပါနဲ့။ နှုတ်ခမ်းသားတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်နိုင်အောင် နေရောင်ကာနိုင်တဲ့ အမျိုးအစားသုံးပါ။

(၄) နီညိုရောင် ပေါင်ဒါမှုန့်လိမ်းပါ

မျက်နှာတောက်ပနေအောင် နီညိုရောင်ပေါင်ဒါမှုန့်ကို လိမ်းပေးပါ။

(၅) ရေစိုခံမျက်တောင်ကော့ဆေးသုံးပါ

ရေစိုခံမျက်တောင်ကော့ဆေးသုံးတာက မျက်တောင်တွေကို ဘယ်လောက်ပဲ နေပူပူကြည့်ကောင်းစေပြီး မျက်ဝန်းကိုပါတောက်ပစေပါတယ်။ အိုင်းလိုင်နာသုံးရာမှာ အနက်ရောင်ထက် အညိုရောင်ကို ပြောင်းသုံးပါ။ မျက်ခုံးကိုလည်း အညိုရောင်မျက်ခုံးမွေးဆွဲခဲတံနဲ့ ဆွဲပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top