Healthy Life Ad
Life Style

သတိပြုရမည့် ကူးစက်မဟုတ်သော ရောဂါများ(Non-communication Disease)

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ကူးစက်ရောဂါတွေနဲ့ ကူးစက်မဟုတ်တဲ့ ရောဂါတွေမှာ ဘယ်ရောဂါတွေက ပိုအဖြစ်များပါသလဲ ဆရာ။
ဖြေ ။ ကူးစက်မဟုတ်တဲ့ ရောဂါတွေက ပိုအဖြစ်များပါတယ်။ ၂၁ ရာစုနှစ်မှာ ကူးစက်မဟုတ်တဲ့ ရောဂါတွေ က ၆၀ ရာခိုင်နှုန်းလောက်ကို ဖြစ်နေပါတယ်။

ကူးစက်ရောဂါတွေက တီဘီရောဂါ၊ ငှက်ဖျား ရောဂါ၊ HIV ပိုးစတာတွေ ဖြစ်ပြီး ကူးစက်မဟုတ်တဲ့ ရောဂါတွေက ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါနဲ့နာတာရှည် အသက်ရှူကျပ်တဲ့ အဆုတ်ရောဂါ(COPD) တို့ ဖြစ်ကြပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကူးစက်မဟုတ်တဲ့ ရောဂါတွေက ပိုပြီး အဖြစ်များလာပါတယ်။ သွေးတိုးရောဂါဆိုရင် လူသုံးယောက်မှာတစ်ယောက်နှုန်းဖြစ်နေပြီး ဆီးချိုရောဂါ ဖြစ်နှုန်းကလည်း မြင့်တက်လာပါတယ်။

မေး ။ ကူးစက်မဟုတ်တဲ့ ရောဂါတွေနဲ့ ကူးစက်ရောဂါတွေမှာ ဘယ်အမျိုးအစားကို အရင်ထိန်းချုပ်ဖို့ အရေးကြီးပါသလဲ ဆရာ။
ဖြေ ။ ကူးစက်မဟုတ်တဲ့ ရောဂါတွေနဲ့ ကူးစက်ရောဂါတွေကို ပြိုင်တူဦးစားပေးပြီး ထိန်းချုပ်ဖို့ လိုပါတယ်။ တစ်မျိုးပြီးမှတစ်မျိုးကို ထိန်းချုပ်တာကလည်း အဆင်မပြေပါဘူး။ ပြိုင်တူကာကွယ်ရေးတွေ လုပ်ဆောင်မှ ထိရောက်မှာ ဖြစ်ပါတယ်။

မေး ။ ကူးစက်မဟုတ်တဲ့ ရောဂါတွေက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ကူးစက်မဟုတ်တဲ့ ရောဂါတွေက အဓိကအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံ (Healthy Lifestyle) မရှိလို့ ဖြစ်ရတာပါ။ အရက်ကိုအန္တရာယ်ရှိလောက်တဲ့ ပမာဏအထိသောက်တာ၊ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ လေ့ကျင့်ခန်းမလုပ်တာ စတဲ့ အချက်တွေကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

မေး ။ ဒါဆိုရင် ကူးစက်မဟုတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဘယ်လိုနည်းလမ်းတွေကို နေ့စဉ် လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။

န့တိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်မှုပုံစံကို လိုက်နာနေရပါမယ်။ ဆေးလိပ်မသောက်ရပါဘူး။ အရက်ကို အန္တရာယ်ဖြစ်လောက်တဲ့ အတိုင်းအတာအထိမသောက်ရပါဘူး။ အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းချုပ်နေရပါမယ်။ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ အဆီအအိမ့်များတဲ့ အစာ၊ ဝက်အဆီ စတာတွေကို ရှောင်ရပါမယ်။ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ပေးရပါမယ်။

ခက်တာက လူတွေဟာ ဒီအချက်တွေကို နေ့စဉ်နေ့တိုင်း တစ်ဘဝလုံး ဆင်ခြင်နေရမှာ ဖြစ်တဲ့အတွက် အခက်အခဲရှိတာကြောင့် ရောဂါတွေ အဖြစ်များလာတာပါ။

မေး ။ ကူးစက်မဟုတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ အရေးကြီးတာက နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။

တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ သွေးပေါင်တက်နေချိန်မှာတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

အဆီလျှော့စားပါ။ အသီးအနှံများများစားပါ။

စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

အဝမလွန်အောင်ထိန်းရပါမယ်။

ကူးစက်မဟုတ်တဲ့ ရောဂါတွေက တစ်ခုဖြစ်ရင် နောက်တစ်ခုဆက်စပ်ဖြစ်တတ်တာကြောင့် ဥပမာ- သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်ထားတယ်ဆိုရင်၊ သတ်မှတ်ထားတဲ့ သွေးပေါင်တွေကျော်နေပြီ ဆိုရင် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အရင်ပြောင်းပေးရပါမယ်။ နောက်ပြီး ဆေးမှန်မှန်သောက်ရပါမယ်။ ကျောက်ကပ်ထိ၊ မထိ ဆီးစစ်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top