Healthy Life Ad
Life Style

နွားနို့သည်နှင့် သူ့ပုံး . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွားနို့သည်က နွားမနို့ညှစ်လိုက်ရာ နွားနို့ပုံးနှစ်ပုံးအပြည့်ရသွားတော့တယ်။ နို့ပုံးနှစ်ခုကိုတုတ်တချောင်းနဲ့လျှိုပြီး ထမ်းရင်း ဈေးထဲကို နွားနို့ရောင်းဖို့သွားခဲ့တယ်။ နွားနို့ပုံးတွေကို ထမ်းရင်း လမ်းတလျှောက်မှာ နွားနို့သည် တွေးနေမိတယ်။

“နွားနို့တွေ ရောင်းကုန်လို့ ပိုက်ဆံရရင် ငါ ကြက်တစ်ကောင်ဝယ်မယ်”

သူဆက်တွေးတယ်။

“အဲဒီကြက်က ဥတွေ ဥလိမ့်မယ်။ အဲဒီအခါ ဥတွေကနေအကောင်တွေ ထပ်ပေါက်လာလိမ့်မယ်။ ငါကြက်တွေ အများကြီးထပ်ရမယ်။ အဲဒီ ကြက်တွေကလည်း ကြက်ဥတွေအများကြီး ဥဦးမှာ၊ နေ့တိုင်းကြက်ဥရောင်းရင်း ငွေတွေ အများကြီး ဝင်လာမယ်။ အဲဒီအခါ ကြက်ခြံဆောက်ဖို့ အိမ်ဝယ်ရမယ်။ အိမ်နဲ့ ကြက်ခြံနဲ့ ဖြစ်လာတော့ တခြား ရွာသူ ရွာသားတွေ မနာလိုဖြစ်ကြဦးမယ်။

မနာလိုစိတ်နဲ့ ငါ့ကြက်ခြံကိုရောင်းဖို့လာပြောကြလိမ့်မယ်။ ငါကတော့ ခေါင်းကို တွင်တွင်ခါယမ်း ပြီး ငြင်းလိုက်မှာပဲ”

အဲဒီလိုတွေးရင်း နွားနို့သည်က ခေါင်းကို ယမ်းပစ်လိုက်တဲ့အခါ နို့ပုံးတွေထဲက နို့တွေ ဖိတ် ကျကုန်တော့တယ်။ ဒီအခါမှာတော့ မြေကြီးပေါ်ကျသွားတဲ့ နို့တွေကိုကြည့်ရင်း နွားနို့သည် ငိုပါတော့တယ်။ဒီစာစုက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ စိတ်ကူးနဲ့မျောမနေဘဲ လက်တွေ့ ကိုယ့်မှာရှိတာကိုသာ ဂရုစိုက်ဖို့ပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top