Healthy Life Ad
Health Tips

အရိုးသန်မာစေရန် ရေကူးပါ

၊ ကိုထက် ၊

အရိုးတွေ သန်စွမ်းစေဖို့ အလေးမလေ့ကျင့်ခန်းနဲ့ ပြေးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်သင့်တယ်ဆိုတာ ကြားဖူးပြီး ဖြစ်မှာပါ။ ရေကူးတာကလည်း အရိုးသန်စွမ်းစေဖို့ တခြားလေ့ကျင့်ခန်းတွေ လိုပဲ ခန္ဓာကိုယ်အတွက် အကျိုးပြုပြီး အဆစ်နာတာကို သက်သာစေပါတယ်။ နီတန်ညာတက္ကသိုလ်ရဲ့ လေ့လာမှုအရ မကြာခဏ ရေကူးတဲ့ အမျိုးသမီးတွေဟာ ရေမကူးတဲ့အမျိုးသမီးတွေနဲ့ ယှဉ်ရင် ခြေသလုံးရဲ့ အရိုးထုထည်ပိုကြီးမားကြောင်း လေ့လာတွေ့ရှိရပါတယ်။

အလေးမတဲ့ လေ့ကျင့်ခန်းက ခန္ဓာကိုယ်က အရိုးတွေ သန်စွမ်းဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ရပ်ဖြစ်နေသလိုပဲ ရေကူးတာကလည်း အမျိုးသမီးတွေ အထူးသဖြင့် အလေးမတဲ့အခါ နာကျင်မှုကိုခံစားရတဲ့ အဝလွန်နေသူတွေအတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။

ရေကူးတာက ပျော်စရာလည်းကောင်းပြီး ချွေးမထွက်တာကြောင့် ရာသီမရွေး လုပ်ဆောင်လို့ ရပါတယ်။ ပျင်းရိမှုမရှိစေဖို့ တစ်ပတ်မှာ မိနစ် ၂၀ကြာ ရေကူးပါ။ အရိုးအဆစ်နဲ့ ကြွက်သားတွေ သန်စွမ်းလာတာကိုတွေ့ရပါလိမ့်မယ်။ ဒါ့အပြင် ရေကူးတာကြောင့် နှလုံး၊ အဆုတ်နဲ့ ကြွက်သားတွေ သန်စွမ်းလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top