Healthy Life Ad
Life Style

နို့တစ်ခွက်နဲ့ ပေးပြီး . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ မောင်မောင်က ကျောင်းကနေ အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်။ ဗိုက်ဆာလွန်းလို့ သူ့မှာ ပင်ပန်းနွမ်းဖျော့နေခဲ့ပေမယ့် အိမ်ရောက်တဲ့အချိန်မှာ အမေကရှိမနေခဲ့ပါဘူး။ စားစရာလည်း အဆင်သင့်မရှိတဲ့အတွက် မောင်မောင် ပိုဆာလောင်ပင်ပန်းနေခဲ့တယ်။

ဗိုက်ဆာလွန်းလို့ မနေနိုင်တဲ့ မောင်မောင်ဟာ တစ်အိမ်ဝင်တစ်အိမ်ထွက် အစာနည်းနည်းကျွေးဖို့ တောင်းခဲ့တယ်။ ဘယ်သူမှမကျွေးပေမယ့် တစ်အိမ်မှာ ကောင်မလေးတစ်ယောက်က သူ့ကိုနွားနို့တစ်ဖန်ခွက် တိုက်လိုက်တယ်။ တစ်နေ့မှာ ငွေပြန်ပေးမယ်လို့ ပြောပေးမယ့် ကောင်မလေးက အပြုံးနဲ့ ငြင်းဆန်ခဲ့တယ်။

နှစ်အတန်ကြာတော့ ကောင်မလေးက ကြီးပြင်းလာပြီး အသက်ကြီးတဲ့ အမျိူးသမီးဖြစ်ကာ အလွန်အမင်းနေထိုင်မကောင်းဖြစ်ခဲ့တယ်။ သူ့ကို ဘယ်သူမှ ဆေးကုသမှုမပေးနိုင်ခဲ့ဘူး။ နောက်ဆုံးမှာ မြို့တစ်မြို့ရဲ့အတော်ဆုံးဆရာဝန်ထိုင်တဲ့ ဆေးရုံကြီးတစ်ခုကို အမျိုးသမီးရောက်သွားခဲ့တယ်။ ဆရာဝန်က လပေါင်းများစွာ ဆေးကုသပေးလိုက်တဲ့အခါ နောက်ဆုံးမှာ အမျိုးသမီး သက်သာသွားတော့တယ်။

အမျိုးသမီးလည်း ပျော်ရွှင်သွားတာပေါ့။ ဒါပေမဲ့ ဒီလောက်လပေါင်းများစွာ ဆေးရုံတက်ထားတာဆိုတော့ ကြီးမားလှတဲ့ ကုန်ကျစရိတ်အတွက် စိုးရိမ်ပူပင်မှုဖြစ်မိတယ်။ “ငါ ပေးမှ ပေးနိုင်ပါ့မလား၊ မပေးနိုင်ရင် ဘယ်လိုလုပ်ရပါ့မလဲ” ဆိုတဲ့အတွေးနဲ့ ဆေးရုံကပေးတဲ့ ပြေစာစာရွက်ကို ယူလိုက်တဲ့အခါ ရေးထားတဲ့ ကုန်ကျစရိတ်က-

“နို့တစ်ခွက်နဲ့ပေးပြီး”ဟူသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top