Healthy Life Ad
Life Style

ဂဏန်းငယ်နှင့် သူ့မိခင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ ဂဏန်းငယ်လေးနဲ့ သူ့မိခင်တို့ ကမ်းခြေမှာ အချိန်ဖြုန်းနေကြတယ်။ဂဏန်းငယ်လေးက ရွှေ့လျားဖို့ အားယူလိုက်ပေမယ့် ဘေးတိုက်ပဲ လမ်းလျှောက်နိုင်တယ်။ မိခင်ဖြစ်သူက သားကို ဘေးတိုက်လမ်းလျှောက်တဲ့အတွက် ဆူပူကြိမ်းမောင်းပြီး ခြေချောင်းတွေကို ရှေ့ထုတ်ပြီး လမ်းလျှောက်ဖို့ပြောတယ်။”သားလည်း ရှေ့ဘက်လျှောက်ဖို့ ကြိုးစားတာပဲ မေမေ၊ ဒါပေမဲ့ ဘယ်လိုလျှောက်ရမယ်ဆိုတာ သားမသိဘူး”လို့ ဂဏန်းလေးက တုန့်ပြန်တယ်။

သားဂဏန်းလေးရဲ့ အသံကြားတော့ မိခင်ဖြစ်သူက ဘယ်လိုလျှောက်ရမယ်ဆိုတာ ပြဖို့ လှုပ်ရှားလိုက်တယ်။ ဒါပေမဲ့ ရှေ့ဘက်ကိုလျှောက်ဖို့ ဒူးကွေးနိုင်စွမ်းတောင် မရှိတော့ဘူး။ သားလေးကို ပြောတာ သူလွန်သွားတယ်လို့ သိနားလည်ပြီး တောင်းပန်လိုက်တယ်။ ပြီးတော့ မိခင်ဂဏန်းလည်း သားဖြစ်သူနဲ့အတူ သဲသောင်ထဲမှာပဲ ပြန်ထိုင်နေလိုက်ပါတော့တယ်။

စာစုကပေးချင်တဲ့ သင်ခန်းစာကတော့ သင်ကိုယ်တိုင်တောင် လုပ်နိုင်သလား စမ်းမကြည့်ရသေးတဲ့ အရာအတွက်တခြားသူကို ပြစ်တင်ဝေဖန်မှုမလုပ်ဖို့ဆိုတာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top