Healthy Life Ad
Life Style

စနောက်တတ်တဲ့ ကောင်လေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက တောင်ထိပ်တစ်ခုမှာ သိုးအုပ်ကို စောင့်ကြည့်ရင်း ပျင်းရိနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ပျင်းလာတာနဲ့ သူက အော်လိုက်တယ်။
“ဝံပုလွေကြီးလာပြီ . . ဝံပုလွေကြီး . . သိုးတွေ နောက်ကိုလိုက်နေပြီ”

ရွာသားတွေက ကောင်လေးအော်သံကြားတာနဲ့ပြေးလာပြီး ကောင်လေးနဲ့ သိုးတွေကို ကယ်တင်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ကောင်လေးက သူတို့ကိုကြည့်ပြီး တဟားဟားရယ်နေတာနဲ့ ရွာသားတွေ စိတ်ဆိုးသွားကြတယ်။

ရက်သိပ်မကြာခင်မှာလည်း ကောင်လေးက ပျင်းပျင်းရှိတာနဲ့ “ဝံပုလွေလာပြီ”ဆိုပြီး အော်ငိုလိုက်ပြန်တယ်။ ရွာသားတွေ ထပ်မံအရူးလုပ်ခံရလို့ ပိုဒေါသထွက်သွားကြတယ်။ ရွာသားတွေက ကောင်လေးကို ဒုတိယအကြိမ် သတိပေးပြီး ထွက်သွားကြတယ်။

နည်းနည်းကြာလာတော့ ကောင်လေးဟာ တကယ့်ဝံပုလွေအစစ်လာတာကို မြင်လိုက်ရတဲ့အခါ ကျယ်လောင်စွာအော်ငိုလိုက်တယ်။ “ဝံပုလွေလာနေပြီ . . ကယ်ကြပါဦး၊ သိုးအုပ်နောက်ကို ဝံပုလွေလိုက်နေပြီ . . အမြန်ကယ် တော်မူကြပါ”

ကောင်လေးရဲ့ အော်ငိုသံကြားပေမယ့် ဘယ်သူမှရောက်မလာခဲ့ဘူး။ ညနေခင်းရောက်လို့ ကောင်လေးဟာ တောင်ထိပ်ကနေ ဆင်းမလာတဲ့အခါကျမှ ရွာသားတွေ စိတ်ပူသွားခဲ့တယ်။ ကောင်လေးက တောင်ထိပ်မှာ ထိုင်လို့။

“ကျွန်တော်အော်တုန်းက ခင်ဗျားတို့ ဘာလို့ မရောက်လာတာလဲ” စိတ်တိုတိုနဲ့ မေးတယ်။

ရွာသားတစ်ဦးက သူ့ကိုပြောတယ်။ “လူတွေက လိမ်ညာတတ်သူကို အမှန်ပြောရင်တောင် ဘယ်တော့မှမယုံတော့ဘူး။ မင်းရဲ့ သိုးအုပ်ကို မနက်ဖြန်မနက်သွားရှာပေးပါမယ်။ အခုတော့ အိမ်ပြန်ရအောင်”

လိမ်ညာခြင်းက ယုံကြည်မှုကို ချိုးဖျက်ပစ်တတ်ပါတယ်။ ဘယ်သူမှ မုသားပြောတတ်သူကို (အမှန်ပြောလာရင်တောင်) အယုံအကြည်မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top