Healthy Life Ad
Health Tips

သြဂဲနစ်အစားအစာရဲ့ ကောင်းကျိုးများ

မေး. အခုအချိန်မှာ သြဂဲနစ်အစားအစာတွေကို ပိုစားဖို့ ပြောနေကြပါတယ်။ ဘာကောင်းကျိုးရှိလို့ပါလဲ။
မနေနေ၊ ကျောက်တံတား။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သြဂဲနစ်ဆိုတာပိုးသတ်ဆေးတွေ လုံးဝအသုံးမပြု၊ တာရှည်ခံတဲ့ဆေးတွေ လုံးဝမသုံးဘဲ စိုက်ပျိုးစားသုံးနိုင်တဲ့ အစာမျိုးကိုပြောတာဖြစ်ပါတယ်။ ဆရာမတို့ နိုင်ငံမှာ သြဂဲနစ်အစာတွေ ကျန်ပါသေးတယ်။ နိုင်ငံခြားမှာက အခုဆိုသြဂဲနစ်မှ သြဂဲနစ် ဖြစ်နေကြပါတယ်။ အမေရိကန်မှာဆို တစ်ဒေါ်လာကို လိမ္မော်သီးသုံးလုံးရပေမယ့် သြဂဲနစ်လိမ္မော်သီးဆို တစ်ဒေါ်လာဆို တစ်လုံးလောက်ပဲရပါတယ်။ နှစ်ဆလောက် ဈေးကြီးတာပေါ့လေ။ ဒီတော့ ပိုက်ဆံချမ်းသာတဲ့ အသိုင်းအဝိုင်းဆို သြဂဲနစ်ပဲ စားကြတာပေါ့။

ဆရာမတို့ဆီမှာကတော့ သြဂဲနစ်တွေအရမ်းကြီး မရှားပါဘဲ ကျန်နေပါသေးတယ်။ ကန်စွန်းရွက်၊ ဘူးညွန့်၊ ဟင်းနုနယ်တို့ဆို သြဂဲနစ်ပါပဲ။ ဒါပေမဲ့ အခု ဆရာမတို့ တွေ့နေရတဲ့ သြဂဲနစ်မဟုတ်တဲ့ သစ်သီးတွေကတော့ ပန်းသစ်တော်နဲ့ စပျစ်သီး အကြီးကြီးတွေပါ။ နိုင်ငံရပ်ခြားကသူတွေ သြဂဲနစ်တွေကိုမှလိုက်ပြီး ရွေးစားနေတဲ့အချိန်မှာ ဆရာမတို့ဆီမှာတော့ အော်ဂဲနစ်မဟုတ်တဲ့အစာတွေကို ဈေးကြီးပေးပြီး စားနေကြပါတယ်။ ဆရာမတို့ ငယ်ငယ်တုန်းကစားတဲ့ လိမ္မော်သီးဆို ချိုချဉ်အရသာလေးပေါ့။ အခုတော့ ချိုရဲနေမှ စားကြပါတယ်။ ဒါတွေက အဆင့်ဆင့်ပြင်ဆင်ပြီး ထုတ်ထားတာဖြစ်ပါတယ်။ သြဂဲနစ်မဟုတ်ပါဘူး။ အရင်တုန်းက သစ်တော်သီးတွေ၊ မာလကာသီးတွေဆိုရင် မာပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အရမ်းပွပြီးစားရတာ အရမ်းလွယ်ပါတယ်။ ပိုကောင်းအောင်ပြောင်းလဲထားတာပေါ့နော်။ သင်္ဘောသီးဆို အခုနောက်ပိုင်း အထဲမှာ အစေ့တွေတောင် မပါတော့ဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top