Healthy Life Ad
Women

စွဲမက်ဖွယ် ခြေတံအလှအတွက် နည်းလမ်းကောင်းများ

၊ လရိပ်မေ ၊

စကပ်တို၊ ဘောင်းဘီတိုတွေ ဝတ်တဲ့အခါ ခြေတံအလှ ကြည့်ကောင်းနေဖို့လိုပါတယ်။

– ခြေဖနောင့် အက်ကွဲတာ သက်သာစေဖို့ အနည်းဆုံးသုံးပတ်လောက် ထိန်းသိမ်းစောင့်ရှောက်ပေးရပါမယ်။ ခြေဖနောင့်နဲ့ အက်ကွဲနေတဲ့ အရေပြား ချောမွေ့နူးညံ့သွားစေဖို့ ရေချိုးတဲ့အခါ ကြေးတွန်းကျောက်နဲ့ပွတ်တိုက်ပေးပါ။ ပြီးရင် ခြေထောက် လိမ်းခရင် ဒါမှမဟုတ် ရေနံဂျယ်လီ လိမ်းပေးလိုက်ပါ။ အိပ်ခါနီးမှာ လိမ်းတဲ့အခါ ခြေအိတ်ဝတ်ပြီး အိပ်ရာဝင်ပါ။

– ခြေသည်းတွေနဲ့ ခြေချောင်းထိပ်တွေကို ညစ်ပတ်စေတဲ့ ထိပ်ပိတ်ဖိနပ်တွေကို မစီးပါနဲ့။

– ကြက်သီးနွေးရေထဲမှာ ခြေထောက်ကို မှန်မှန်စိမ်ပေးရင် ခြေထောက်မှာရှိတဲ့ အညစ်အကြေးတွေနဲ့ အသားမာတွေကို လျော့ပါးစေပါတယ်။

– ခြေသည်းကို မှန်မှန်ညှပ်ပေးပါ။ ဒါမှသာ ခြေသည်းအောက်မှာ စုပုံနေတတ်တဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်။

– ခြေသည်းညှပ်တဲ့အခါ ဆိုးတစ်ဝက်၊ ပျက်တစ်ဝက်ဖြစ်နေတဲ့ ခြေသည်းနီတွေကိုဖျက်ပေးပါ။ ပြီးမှ ဝတ်မယ့်ဝတ်စုံနဲ့လိုက်တဲ့ ခြေသည်းနီကို ဆိုးပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top