Healthy Life Ad
Q & A

လက်ဆစ်လွဲပြီး ရောင်နေလို့ပါ . . .

မေး. အမေ့မှာ လက်ဆစ်လွဲပြီး လက်က မကြာမကြာပြန်ရောင်ပြီး ဖောသလိုမျိုး အမြဲပြန်ဖြစ်နေလို့ပါရှင်။ ဆေးခန်းလည်း ပြပြီးပါပြီ။ အဆစ်လွဲ၊ လက်ကျိုးသမားတွေ ကုတဲ့ဆေးခန်းလည် တစ်လတိတိသွားပြခဲ့ပြီးပါပြီ။ အားလုံးသက်သာနေပါတယ်၊ ရောင်တာနဲ့ ဖောတာက မကြာမကြာပြန်ဖြစ်လို့ ရောင်တာ၊ ဖောတာကိုသက်သာစေမယ့် နည်းလမ်းလေးရှိရင် လမ်းပြပေးပါဦး ဆရာရှင်။
Aye Myat Mon(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လက်ဆစ်လွဲတယ်ဆိုတော့ လက်အဆစ်မှာဒဏ်ဖြစ်ပြီး ရောင်တာပါ။ တစ်ခါဖြစ်ဖူးရင် နောက်ပိုင်းမှာ ဒဏ်ဖြစ်တိုင်းဖြစ်တိုင်း ပြန်ရောင်နိုင်ပါတယ်။ လက်အဆစ်လှုပ်ရှားမှု၊ အသုံးချမှုများရင် ဥပမာ- အဝတ်လျှော်/အဝတ်ညှစ်ရာမှာ အဆစ်လေးတွေကို အသုံးချမှုများတဲ့အခါ ဒဏ်ဖြစ်ပြီး ရောင်ရမ်းနိုင်ပါတယ်။ နားနားနေနေ နေလိုက်ရင် ရောင်ရမ်းမှု ပြန်ကျသွားနိုင်ပါတယ်။ ဖိရင် နာတယ်ဆိုရင် အကိုက်အခဲပျောက်ဆေး သုံးစွဲရလေ့ရှိပါတယ်။ လက်ကို အလွန်အမင်းအသုံးပြုတာ ရှောင်သင့်သလို မတော်တဆထိမိခိုက်မိတဲ့ ဝေဒနာမရအောင် သတိထား ဆင်ခြင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top