Healthy Life Ad
Q & A

နေ့ခင်းဘက် အိပ်စက်ခြင်း . . .

မေး ။ နေ့ခင်းဘက် တရေးတမောအိပ်ပြီး ပြန်ထလာတဲ့အခါ လန်းဆန်းမသွားဘဲ မအီမသာဖြစ်တာ ခေါင်း ကိုက်တာ၊ မူးဝေတာတွေ ဖြစ်နေတတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ။
ဒေါ်ဦးခင်၊ တာမွေ။

ဒေါက်တာကျော်စွာဦး(ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အိပ်တဲ့အခါမှာ အဆင့်တွေ ရှိပါတယ်။ စပြီး အိပ်ပျော်တဲ့အဆင့်၊ ပိုပြီး အိပ်မောကျတဲ့အဆင့် စသဖြင့် အိပ်စက်မှုစက်ဝန်းရှိပါတယ်။ နေ့ခင်းဘက် အိပ်စက်အနားယူတဲ့အခါ မိနစ် ၂၀နဲ့ မိနစ် ၄၀ ကြား အိပ်ရင် အိပ်စက်မှုစက်ဝန်းက မှန်သွားပါတယ်။ အဲဒီအတိုင်းအတာအတွင်း အိပ်ရင် ခေါင်းကိုက်တာ၊ မူးဝေတာ၊ မအီမသာဖြစ်တာစတာတွေ သိပ်မရှိဘူး။ အဲဒီအချိန်အတိုင်းအတာထက် ပိုပြီး အိပ်လိုက်ရင်၊ အချိန် တစ်နာရီ-နှစ်နာရီလောက် ကြာကြာ အိပ်လိုက်ရင် အိပ်စက်မှုစက်ဝန်းက ကမောက်ကမဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် တစ်ခါတလေကျရင် အစာကို ကောင်းကောင်းမစားဘဲ အိပ်ပျော်သွားတာမျိုး၊ အစားအသောက် လျှော့တာမျိုးလုပ်ရင်တော့ သွေးတွင်းအချိုဓာတ်ကျပြီး ခေါင်းနည်းနည်း ကိုက်တတ်ပါတယ်။ တစ်ခါတလေ မအိပ်ခင် ကွန်ပျူတာ ကြာကြာသုံးထားတာ၊ အင်တာနက်အသုံးများတာ၊ စိတ်ဖိစီးမှုများတာ စတာတွေရှိရင်လည်း အိပ်ရာနိုးလာချိန်မှာ မလန်းဆန်းတာမျိုး ဖြစ်တတ်ပါတယ်။

နေ့ခင်းဘက် အိပ်စက်ချင်တယ်ဆိုရင် ကိုယ့်အိပ်ရာမှာပဲ သေသေချာချာစိတ်ကို အပန်းဖြေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူပေးဖို့ လိုပါတယ်။ မိနစ် ၂၀နဲ့ ၄၀ ကြားလောက်ပဲ အိပ်သင့်တဲ့ အတွက် Alarm လေး ဘာလေး ပေးထားသင့်ပါတယ်။ နောက်တစ်ချက်ကတော့ ရေဝ၀ သောက်ဖို့ လိုပါတယ်၊ Juice တွေ ဘာတွေ သောက်ဖို့ လိုပါတယ်။ ထမင်းကို အချိန်မှန်မှန်စားသင့်ပါတယ်။ ညဘက်မှာလည်း အိပ်ရေးဝ၀ ပြန်အိပ်သင့်ပါတယ်။
နေ့ခင်းဘက် တမှေးအိပ်တာကြောင့် ကောင်းတဲ့ အချက်တွေက အများကြီး ရှိပါတယ်။

မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။

ဆုံးဖြတ်ချက်ချတဲ့အခါမှာ ပိုပြီး ကောင်းပါတယ်။

အလုပ်လုပ်တဲ့အခါ ပိုတက်ကြွလာတယ်။ ဒါကြောင့် တချို့အလုပ်တွေမှာ နေ့ခင်းဘက်ဆိုရင် ဝန်ထမ်းတွေကိုတစ်နာရီလောက် အနားယူခိုင်းတယ်ဆိုတာက ဒီအချက်တွေကြောင့် ဖြစ်ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အနားပေးလိုက်တဲ့အတွက် စိတ်ရောကိုယ်ပါ ရွှင်လန်းကျန်းမာလာပြီး အလုပ်ပြန်လုပ်တဲ့အခါ တက်ကြွလန်းဆန်းလာပါတယ်။ အဲဒီအခါ အလုပ်လုပ်နိုင်စွမ်းအား ပိုရှိလာပြီး အလုပ်တွင်ကျယ်လာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top