Healthy Life Ad
Life Style

ဘုရင်ကြီးနှင့် ကြက်တူရွေးလေးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါသတဲ့။ သူအလည်သွားတဲ့ တိုင်းပြည်က ဘုရင်ဟာ သူ့ကို ကြက်တူရွေးတစ်စုံ လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီကြက်တူရွေးလေးတွေက သူ့တွေ့ဖူးသမျှထဲမှာ အလှဆုံးသော ငှက်လေးတွေဖြစ်ပါသတဲ့။ သူ့တိုင်းပြည်ကို ပြန်ရောက်လာတော့ ငှက်နည်းပြတစ်ဦးကိုခေါ်ပြီး ကြက်တူရွေးလေးတွေကို လေ့ကျင့်ပေးဖို့ ပြောခဲ့တယ်။

ကြက်တူရွေးလေးတွေအတွက် ဥယျာဉ်လုပ်ဖို့ နေရာတစ်နေရာစီစဉ်ခဲ့ပြီး နန်းတော်ပြတင်းပေါက်ကနေ ကြက်တူရွေးလေးတွေကို မကြာခဏ ကြည့်ရှုလေ့ရှိတယ်။ အချိန်အတိုင်းအတာတစ်ခု ကြာတော့ တစ်နေ့မှာ နည်းပြက နန်းတော်ထဲကိုလာပြီး ဘုရင်ကြီးကို လျှောက်တင်တယ်။ “ကြက်တူရွေးတစ်ကောင်က ကောင်းကင်ရဲ့ အမြင့်ကြီးကို ပျံသန်းနိုင်ပြီး တခြားတစ်ကောင်ကတော့ ရောက်တဲ့နေ့ကစပြီး သစ်ကိုင်းကနေတောင် မရွေ့လျားနိုင်ပါဘူး”တဲ့။

ဒီသတင်းကြားတော့ ဘုရင်ကြီးက အနီးနားတိုင်းပြည်က နည်းပြတွေ၊ ဆေးပညာကျွမ်းကျင်သူတွေကို ဆငေ့်ခါ်ခဲ့တယ်။ သူတို့အားလုံးလည်း အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အဲဒီကြက်တူရွေးလေးပျံသန်းအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒီကြက်တူရွေးလေးပျံသန်းနိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းရှာဖို့ တိုင်းသူပြည်သားတွေကိုလည်း တောင်းဆိုခဲ့ပေမယ့် ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့ ဘူး။ နောက်ဆုံးမှာ အားလုံးကြိုးပမ်းခဲ့ပြီးနောက် သဘာဝသားရဲတိရစ္ဆာန်တွေနဲ့ အကျွမ်းတဝင်ရှိတဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေဖို့လိုမယ်လို့ ဘုရင်ကြီးကထင်ခဲ့တယ်။ ဒါနဲ့ တောဘက်က လယ်သမားတစ်ယောက်ကိုဆင့်ခေါ်စေခဲ့ပြီး ကြက်တူရွေးရဲ့ပြဿနာကို ရှာဖွေခိုင်းခဲ့တယ်။

နောက်တစ်နေ့ မနက်မှာတော့ ဘုရင်ကြီးက ဥယျာဉ်ထက်မှာ ပျံသန်းနေတဲ့ ကြက်တူရွေးလေးကို တွေ့မြင်လိုက်ရတော့တယ်။ လယ်သမားကို ဆင့်ခေါ်ပြီး ဘုရင်က မေးမြန်းတော်မူခဲ့တယ်။

“ကြက်တူရွေး ပျံသန်းအောင် ဘယ်လိုလုပ်ဆောင်ခဲ့တာလဲ မောင်မင်း”
လယ်သမားက ရိုရိုသေသေ လျှောက်ထားတော်မူလိုက်တာက-
“ဒါက အလွန်လွယ်ကူပါတယ် ဘုရင်မင်းမြတ်၊ သူနားနေတဲ့ သစ်ကိုင်းကို ဖြတ်လိုက်တာပါပဲ”
ဒီစာစုက ပေးချင်တဲ့ သတင်းစကားကတော့ ဘယ်သူမဆို သက်သောင့်သက်သာရှိတဲ့ နေရာမှာ ရှိနေရင် အခွင့်အလမ်းသစ်တွေကို ရှာဖွေချင်စိတ်မရှိကြဘူး။ အဲဒီအခါ အစွမ်းအစတွေ ထုတ်မသုံးတဲ့အတွက် အောင်မြင်မှုကိုလည်း တွေ့တော့မှာ မဟုတ်ပါဘူးဆိုတာပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top