Healthy Life Ad
Life Style

ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး ( IUI and IUTPI )

ဒေါက်တာတင့်ဆွေ

၁။ ကျွန်မ အသက် ၃၆ နှစ်ပါ။ အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ။ တားဆေး တခါမှမစားဖူးပါ။ စစ်ဆေးချက်များအရ သားအိမ်ပြွန်နှစ်ဖက်စလုံး ပွင့်ပါတယ်။ မျိုးဥလည်း ထွက်ပါတယ်။ သားအိမ်အနေအထားလည်း မှန်ပါတယ်။ အမျိုးသားလည်း သုက်ပိုးအရေအတွက် ပြည့်မီပါတယ်။ – – နေ့က OG–နဲ့ IUI နည်းကိုလုပ်ပါတယ်။ –ရက်နေ့ ဆီးစစ်ကြည့်တဲ့ အခါ ၂ ကြောင်းမထင်ပါ။ OG က IUI မအောင်မြင်လို့ပြောပါတယ်။ အခုအချိန်ထိ ရာသီပြန်မလာသေးပါ။ ဘာကြောင့်လဲဆိုတာနဲ့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ လမ်းညွှန်ပေးစေလိုပါတယ်။

၂။ ဆရာရှင့် ကျွန်မအသက် ၂၉ ပါ။ အိမ်ထောင်ကျတာ ၁ နှစ်ရှိပါပြီ။ ၂ လ မာဘလွန်တားဆေးစားခဲ့ပါတယ်။ ဆေးဖြတ်ပြီး အခုထိကလေးမရသေးပါဘူးရှင့်။ ဆေးစစ်ကြည့်တော့လည်း အမျိုးသားရော ၂ ယောက်လုံး ကောင်းပါတယ်။ ရာသီလည်း ပုံမှန်ပါပဲ။ ovulation test kit နဲ့စမ်းတော့လည်း လတိုင်းသားဥကြွေပါတယ်ရှင့်။ folic acid စားနေတာလည်း ၅ လတောင်ရှိပါပြီရှင့်။ အခုသားဥပြွန်နဲ့ ဝမ်းခေါင်းထဲ သုက်ပိုးတိုက်ရိုက်ထည့်နည်းဆိုတဲ့ IUTPI ဆိုတဲ့ နည်းလုပ်နေကြပါတယ်ဆရာ။ အဲဒီနည်းနဲ့ လုပ်သင့်ပါလားဆရာ။ အဲဒီနည်းရဲ့ side effect တွေများပါလားဆရာ။

၃။ ဆရာ . . ဖန်ပြွန်သန္ဓေသားနဲ့ ပတ်သက်လို့ စုံစုံလင်လင်သိချင်ပါတယ်ရှင့်။

၄။ မင်္ဂလာပါဆရာ။ IUI and IUTPI နှစ်ခုမှာ ဘယ်တခုက ပိုပြီးအောင်မြင်ပါလဲဆရာ။ ပြီးတော့ နာတာကျင်တာကရော ဘယ်တခုကို ပိုပြီးရှိပါလဲဆရာ။ သမီးက အဲဒီနှစ်ခုလုပ်မှ ရတော့မှာမို့လို့ပါရှင်။

Standard IUI သုံးနေကျ စံချိန်ကိုက်နည်း

Ovarian stimulation ဆိုတဲ့ မျိုးဥထွက်အောင်လုပ်ပေးတာနဲ့အတူ သုက်ပိုးကို အပြင်ကနေစီမံပြီး စနစ်တကျထည့်နည်း ဖြစ်တယ်။ ၁၅ နှစ် သက်တမ်းရှည်ပြီ။ ပဌမဆုံး ရွေးကြတဲ့နည်းလည်းဖြစ်တယ်။ IVF နည်းထက် ၂ ဆပိုပြီး ရလဒ်ထွက်တယ်။ ပိုမြန်တယ်။ နာတာလည်း သက်သာတယ်။ မေ့ဆေး မလိုတတ်ဘူး။ WHO နဲ့ ဆေးသိပ္ပံစာတမ်းတွေအရ Sperm insemination သုက်ပိုးထည့်ပေးခြင်းကို IVF နည်း ၆ ကြိမ်နဲ့ မအောင်မြင်မှ ဒီနည်းကိုဆက်သွားတယ်။ Gonadotrophins ဟော်မုန်းဆေး ထိုးတာကလည်း ၄ ရက်သာလိုတာမို့ IVF ထက်နည်းတယ်။

Insemination သုက်ရည်ထည့်တာကို hCG (Pregnyl or Profasi) ဆေးပေးပြီးနောက် ၂၄-၃၆ နာရီအကြာမှာလုပ်တယ်။ သူ့ခင်ပွန်းဆီကနေ သုက်ပိုးထုတ်စေမယ်။ ဒီနောက် Sperm preparation procedure ပြင်ဆင်မှုလုပ်တယ်။ Motile spermatozoa တွေကိုစုယူမယ်။ Prostaglandins အပြင် Inflammatory factors နဲ့ Antigenic proteins တွေကို ဖယ်ထုတ်ပြစ်မယ်။ Dead သေနေတာ၊ Damaged ပျက်စီးနေတာနဲ့ Abnormal spermatozoa ပုံစံမမှန်တာတွေလည်း ဖယ်ထားတယ်။

ဒါ့အပြင် Leukocytes သွေးဖြူဥတွေ၊ Immature germ cells တွေ၊ Bacteria ဗက်တီးရီးယားတွေ၊ တခြား White blood cells သွေးဖြူဥတွေနဲ့ Cellular debris အစအနတွေကိုပါ ဖယ်ရှားမယ်။ Insemination ကို Catheter ပိုက်အပျော့စားလေးနဲ့လုပ်တယ်။ Prepared sperm ပြုပြင်ထားပြီးသား သုက်ရည် 0.5ml ကို ထည့်သွင်းပေးမယ်။

ထည့်သွင်းပြီးနောက်မှာ Progesterone ဟော်မုန်းစားဆေး ၁၄ ရက်သောက်ရမယ်။ Luteal phase အဆင့်ကို ပိုကောင်းစေဖို့ဖြစ်တယ်။ ၁၄ ရက်အကြာမှာ Pregnancy ကိုယ်ဝန်ကို Blood test သွေးစစ်ပြီး စစ်ဆေးမယ်။ IUTPI = Intra Uterine Tubo Peritoneal Insemination နည်းသစ်ကို L. Mamas method နည်းလို့လည်း ခေါ်သေးတယ်။ သုက်ပိုးကို 10ml အထိထည့်ပေးတာဖြစ်တယ်။

သုတေသနလုပ်ကြည့်တော့ သုက်ရည် 4 ml ထည့်တာတောင်မှ မလုံလောက်ဘူးလို့ တွေ့ရှိရာကနေ ဒီနည်းကို တီထွင်အသုံးပြုတာဖြစ်တယ်။ Intrauterine pressure သားအိမ်တွင်းဖိအားကြောင့်ဖြစ်မယ်လို့ ယူဆတယ်။ ဒါနဲ့ ထုထည်ကို တိုးတိုးပြီး စမ်းရာကနေ ဒီပမာဏအထိ ထည့်ပေးတယ်။ ကိုယ်ဝန်ရနှုန်း မထင်မှတ်ဘဲ များတာကိုတွေ့ရတယ်။ Hysterosalpingography (HSG) လုပ်တာကိုပါ တွဲလုပ်ပါသေးတယ်။ ဒီလိုလုပ်တာအတွက် ဆွေးနွေးမှုတွေ အများကြီးလုပ်နေပါတယ်။ ကိုယ်ဝန်ရလမ်းများတာတွေ့ရတယ်။

ဘာလို့ ကလေးမရသေးသလဲဆိုတဲ့အချက်က မရေမရာသူတွေအတွက် ဒီနည်းကနေဖြေရှင်းနိုင်မယ်လို့ ယူဆကြပါတယ်။ ဥပမာ သားအိမ်ပြွန်က အဖျားနေရာမှပိတ်နေရင် သုက်ရည်ထုထည်နည်းနည်းက မစွမ်းနိုင်ဖြစ်မယ်။ သုက်ရည်များတော့ သားအိမ်အတွင်းခေါင်းကိုသာမက . . .

ဘာလို့ ကလေးမရသေးသလဲဆိုတဲ့အချက်က မရေမရာသူတွေအတွက် ဒီနည်းကနေ ဖြေရှင်းနိုင်မယ်လို့ယူဆကြပါတယ်။ ဥပမာ သားအိမ်ပြွန်က အဖျားနေရာမှ ပိတ်နေရင် သုက်ရည်ထုထည်နည်းနည်းက မစွမ်းနိုင်ဖြစ်မယ်။ သုက်ရည်များတော့ သားအိမ်အတွင်းခေါင်းကိုသာမက ပြွန်ကနေထွက်လာပြီး ဗိုက်ခေါင်းထဲနဲ့ သားအိမ်နောက်နေရာ Pouch of Douglas အထိရောက်စေပြီး Peritoneal ဝမ်းတွင်းခေါင်းထဲက အရည်နဲ့ Follicular fluids မျိုးဥအိမ်ကအရည်တွေနဲ့ပါ ပေါင်းစပ်စေနိုင်မယ်။ ဒီလိုနည်းနဲ့ အောင်မြင်ခြင်းကို Intra Utero Tubo Peritoneal Insemination (IUTPI) နည်းဖြစ်လာစေတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top