Healthy Life Ad
Life Style

ညဘက် ကောင်းမွန်စွာ အနားရစေရန်

နေ့ခင်းဘက်မှာ စွမ်းအားအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင် ညဘက်မှာ အပြည့်အဝအနားရဖို့ လိုအပ်ပါတယ်။ တစ်နေ့လုံးလှုပ်ရှားထားရတဲ့ ခန္ဓာကိုယ်နွမ်းနယ်မှုပျောက်သွားပြီး အပန်းပြေသွားအောင် ညဘက်မှာ အနားယူပေးဖို့ အရေးကြီးပါတယ်။

– အိပ်ရာမဝင်ခင် အပန်းဖြေဖို့အတွက် အချိန်တစ်နာရီပေးပါ။ အဲဒီအချိန်မှာ သတင်းကြည့်တာ၊ အီးမေးပြန်ဖြေတာတွေကို မလုပ်သင့်တော့ပါဘူး။ စာဖတ်တာနဲ့ သီချင်းအေးအေးလေးတွေ နားထောင်တာကို ပြုလုပ်ပေးပါ။

– စိတ်က အပန်းပြေပြီး ခန္ဓာကိုယ်က တင်းကျပ်ဖိစီးနေရင် အကြောလျှော့ပေးပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ လည်ပင်း၊ ပခုံးနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားတွေအနားရနိုင်အောင် အကြောလျှော့ပေးပါ။ အိပ်ရာမဝင်ခင် အမျိုးသမီးတွေအနေနဲ့ ၃-၅ပေါင် ခန့်လေးတဲ့ အလေး၊ အမျိုးသားတွေအနေနဲ့ ၅- ၁၀ပေါင်ခန့်လေးတဲ့ အလေးကို မ,ပေးရင် ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေပါတယ်။

– ညစာစားချိန်နဲ့ အိပ်ချိန်ကြား အနည်းဆုံး သုံးနာရီကွာပါစေ။ ဗိုက်ပြည့်နေရင် ကောင်းကောင်း အိပ်မောကျနိုင်မှာမဟုတ်ပါဘူး။ နေ့လယ်စာကို ကောင်းကောင်းစားပြီး ညနေခင်းမှာ ပေါ့ပါးတဲ့ညစာကို စောစောစားပေးပါ။ ညအိပ်ရာဝင်ချိန်မတိုင်ခင် ဗိုက်ဆာနေသေးရင် ပရိုတင်းပါတဲ့ သရေစာနဲ့ နွားနို့သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top