Healthy Life Ad
Q & A

ဆေးလိပ်သောက်တဲ့သူနဲ့ ဘယ်လောက်ဝေးဝေးမှာ နေသင့်သလဲ . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည်။<>

မေး. ဆေးလိပ်သောက်တဲ့သူနဲ့အတူ တစ်အိမ်ထဲ နေတဲ့သူတွေ ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲရှင့်။ ဥပမာ- ဘယ်လောက်အကွာအဝေးမှာနေ သင့်သလဲ၊ ဆေးလိပ်နံ့တွေက အတော်ဝေးဝေး အထိအနံ့ရနေတာ၊ ရှူနေရတာ စိတ်ထဲဘဝင်မကျလို့ပါရှင့်။
Zin Min Htwe (FB)

ဖြေ. ဆေးလိပ်ငွေ့နဲ့ မထိတွေ့နိုင်တဲ့ နေရာမှာ နေလေ၊ ပိုကောင်းလေပါပဲ။ လေလုံခန်းထဲမှာ နေရင်တော့ ခြောက်ပေအကွာပဲဖြစ်ဖြစ်၊ ၁၀ ပေအကွာ ပဲဖြစ်ဖြစ် ဆေးလိပ်ငွေ့တွေက ရနေမှာပဲ။ လေဝင် လေထွက်ကောင်းတဲ့ ပြတင်းပေါက်ဖွင့်ထားတဲ့ အခန်းထဲမှာဆိုရင် ကိုယ်က လေတင်အရပ်မှာနေလို့ ဆေးလိပ်ငွေ့ရှူရှိုက်ရတာ မရှိဘူးဆိုရင် လွတ်ပါတယ်။ လေအောက်မှာနေလို့ ဆေးလိပ်ငွေ့ရနေရင်တော့ ကျန်းမာရေးထိခိုက်မှာပါပဲ။ ဆေးလိပ်နံ့ နံရုံနဲ့တော့ Second-Hand Smoker လို့ ခေါ်ဆိုလေ့ မရှိပါဘူး။ ဆေးလိပ်ငွေ့ရှူမိရင်တော့ Second-Hand Smoker လို့ ပြောပါတယ်။ နီးခြင်း၊ ဝေးခြင်းထက် ဆေးလိပ်ငွေ့ ကိုယ့်နားမရောက်တဲ့ နေရာမှာ နေသင့်ပါတယ်။ ဒါကြောင့် စားသောက်ခန်း၊ အဲကွန်းဖွင့်ထားတဲ့အခန်းတွေမှာ ဆေးလိပ်သောက်ခွင့် တားမြစ်တာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေ ကလည်း အလုံပိတ်ခန်းတွေမှာ ဆေးလိပ် မသောက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top