Healthy Life Ad
Health Tips

အချိုမှုန့်စားခြင်း၏ အံ့အားသင့်ဖွယ် သက်ရောက်မှုများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အချိုမှုန့် (MSG-Monosodium Glutamate) ကို ဟင်းလျာထဲထည့်ချက်မှ စားဖြစ်တာ မဟုတ်ပါဘူး။ အပြင်စာ တချို့၊ အဆင်သင့်စာတချို့မှာလည်း အချိုမှုန့်ပါဝင်တဲ့အတွက် အချိုမှုန့်စား တာများရင် ဘယ်လိုသက်ရောက်မှု ဖြစ်တတ်တယ်ဆိုတာကို ဗဟုသုတရစေဖို့ မျှဝေလိုက်ရပါတယ်။

(၁) ခေါင်းကိုက်ခြင်း

အချိုမှုန့်စားတာများရင် မျက်လုံးနဲ့ ဦးခေါင်းတစ်ဝိုက် ဖိအားများပြီး ခေါင်းကိုက်တတ်ပါတယ်၊ အမြင်ဝေ၀ါးတတ်ပါတယ်။

(၂) နှလုံးခုန်နှုန်းမြန်ခြင်း

အချိုမှုန့်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားပြီးချိန်မှာ နှလုံးခုန် နှုန်းမြန်တတ်ပါတယ်။ သွေးတိုးလာတတ်ပါတယ်။

(၃) ကျဉ်ခြင်း၊ ထုံခြင်း

အချိုမှုန့် (MSG) အစားများပြီးချိန် မှာ အရေပြားကျဉ်သလို ထုံသလို အေးသလို ဖြစ်တာမျိုးဖြစ်တတ်ပါတယ်။

(၄) ပူထူခြင်း၊ နီမြန်းခြင်း

အစားအသောက်တစ်ခုစားပြီး ထူထူပူပူဖြစ်နေသလိုမျိုး ခံစားဖူးပါသလား။ အဲဒီအစားအသောက်ထဲ အချိုမှုန့်ပါဝင်မှု များလို့ ဖြစ်နိုင်ပါတယ်။

(၅) အဆစ်နာခြင်း

အချိုမှုန့်အစားများရင် အဆစ်တွေ နာတတ်ပါတယ်။ တချို့လူတွေဆိုရင် အချိုမှုန့်အစားများလို့ တုပ်ကွေးလို အဆစ်တွေ ကိုက်ခဲနာကျင်တဲ့ ဝေဒနာ ဖြစ်တာကို တွေ့ရပါတယ်။

(၆) ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ ပျို့အန်ခြင်း

အချိုမှုန့် အစားများတာကြောင့် ဖြစ်တတ်တဲ့ အစာအိမ်ဝေဒနာတစ်ခုက ဗိုက်အောင့်တာ၊ လေပွတာ၊ ဝမ်းပျက်ဝမ်း လျှောတာ၊ ဝမ်းချုပ်တာနဲ့အတူ ပျို့ချင် အန်ချင်ဖြစ်တာပါ။

(၇) အသက်ရှူမဝခြင်း

အချိုမှုန့်အစားများတာကြောင့် ပန်းနာရင်ကျပ်ထသလိုမျိုး အသက်ရှူ မဝတာ ဖြစ်တတ်ပါတယ်။

* သတိပြုရန်

အချိုမှုန့်အစားများတာကြောင့် တချို့လူတွေမှာ ချက်ချင်းလက်ငင်း ဘာ လက္ခဏာမှမပြတတ်ပေမယ့် ကြာရှည် စားရင်တော့ ကျန်းမာရေးဆိုးကျိုးရ တတ်ပါတယ်။ အပြင်စာ၊ အသင့်စား အစားအသောက်တွေစားမယ်ဆိုရင် အညွှန်းကိုဖတ်ကြည့်ပါ၊ MSG(Mono­sodium Glutamate) ပါရင် သတိပြု ဆင်ခြင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top