Healthy Life Ad
International

အဆီထုတ်ပြီး တွဲကျနေသော အရေပြားအပိုများကို ခွဲစိတ်ရန်မတတ်နိုင်

၊ ကိုထက် ၊

အမေရိကန် အနောက်မြောက်ပိုင်းဒေသမှာ နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ဆန်ဟိုက်ဟာ အဝလွန်နေတဲ့ ကုန်ပစ္စည်းသယ်သူပို့ဆောင်ရေး ကားမောင်းသမားဖြစ်ပါတယ်။ သူဟာ နေ့စဉ် ကယ်လိုရီ တစ်သောင်းခန့်စားပြီး ကိုယ်အလေးချိန် ပေါင် ၄၉၀ ကျော်ရှိနေသူပါ။

ဆမ်ဟာ ကိုယ့်ကိုယ်ကိုယ်အဝလွန်နေမှန်း သိတဲ့အတွက် ကိုယ်အလေးချိန်လျှော့ချဖို့ ခဏခဏ ကြိုးစားခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အလွန်များလှတဲ့အဆီတွေ ကြောင့် လေ့ကျင့်ခန်းလုပ်လိုက်တိုင်း အရိုးအဆစ်တွေထိခိုက်မှုတစ်ခုခုဖြစ်ပြီး ပြန်နားလိုက်ရပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ အဆီပိုတွေကို စုပ်ထုတ်တဲ့ ခွဲစိတ်ကုသနည်း တစ်မျိုးကို ရွေးချယ်ခဲ့ပါတယ်။

“ကျွန်တော် ကျောင်းပြီးတဲ့နောက် သယ်ယူပို့ ဆောင်ရေးအလုပ်ကရတဲ့ ကိုယ်ပိုင်ဝင်ငွေ စရတဲ့ အချိန်ကစပြီး ကိုယ်အလေးချိန်တက်လာတာပါပဲ။ နေ့စဉ် ကယ်လိုရီအများကြီး စားဖြစ်တယ်၊ အပူအပင်မရှိ အကြောက်အလန့်မရှိ စားသောက်ခဲ့လိုက်တာ သိတဲ့အချိန်မှာ တားမရအောင်ဝနေပြီ၊ လူတွေ စနောက်တာ၊ ပြောဆိုတာတွေလည်း ခံရတယ်၊ စိတ်ဓာတ်ကျတယ်၊ လေ့ကျင့်ခန်းကြိုးစားလုပ်ပေမယ့် ဒူးတွေ အရိုးအဆစ်တွေက မခံနိုင်တော့ဘူး”လို့ ဆမ် က ပြောပြခဲ့ပါတယ်။
နောက်တော့ ဆမ်ရဲ့ အမေက ကျန်းမာရေး အာမခံပြုလုပ်ပေးပြီးနောက် ကျန်းမာရေးဌာနမှဆမ် ရဲ့ အဆီတွေကို စုပ်ထုတ်တဲ့ ခွဲစိတ်မှုပြုလုပ်ပေးခဲ့ပါတယ်။ အလွန်တရာဝနေတဲ့ ဆမ်ဟာ အဆီပိုတွေ ထုတ်ပြီးနောက် အသားပိုတွေအများကြီး တွဲကျန်ခဲ့ပါတော့တယ်။

“ခွဲစိတ်မှုက အဆီတွေ ထုတ်လိုက်ပေမယ့် အဆီတွေထပ်မဖြစ်အောင် အနေအထိုင်၊ အစားအသောက်ကို ဂရုစိုက်နေပါတယ်၊ လေ့ကျင့်ခန်းလည်း လုပ်နေပါတယ်၊ နေရထိုင်ရတာ အရမ်းသက်သောင့်သက်သာရှိပြီး စိတ်လည်း ပျော်ရွှင်နေပါတယ်၊ ခွဲ စိတ်ပြီးနောက် ကျွန်တော့်ကိုတွေ့တဲ့ လူတိုင်းကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့သြနေကြတာပါပဲ”လို့ ဆမ်က ပြောပြပါတယ်။

ပိုနေတဲ့အသားတွေကိုတော့ ခွဲစိတ်ဖို့ မတတ်နိုင်သေးပါဘူး၊ တွဲကျနေတဲ့ အရေပြားတွေကို ခွဲစိတ်ဖို့ဆိုတာက အလှအပပိုင်းဆိုင်ရာ ခွဲစိတ်မှုအမျိုးအစားဖြစ်နေတဲ့အတွက် အာမခံလုပ်ငန်းကလည်း ပြုလုပ်ပေးနိုင်မှာမဟုတ်ကြောင်း သိရပါတယ်။

ခန္ဓာကိုယ်ကို ခွဲစိတ်ပြီးပြုပြင်မှုလုပ်တော့မယ်ဆို ကျွမ်းကျင်သူတွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ်ဖြစ်ချင်တာရယ်၊ နောက်ဆက်တွဲဖြစ်လာနိုင်တာတွေရယ်ကို သေချာလေ့လာပြီးမှ ပြုလုပ်သင့်ကြောင်း၊ သူဆိုရင်လည်း ပိန်ချင်လို့ပြုလုပ်ပေးမယ့် အခုလို အသားတွဲလောင်းကြီးတွေကျန်ခဲ့တဲ့အကြောင်း၊ သူ့အနေနဲ့ကတော့ ရွေးချယ်စရာ မရှိခဲ့တဲ့အကြောင်း ဆမ်က ပြောခဲ့ပါသေးတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top