Healthy Life Ad
Q & A

သွေးထဲက အယားဓာတ်ကြောင့် အင်ပြင်ထတဲ့အခါ . . .

မေး. သွေးထဲမှာ အယားဓာတ်ရှိပါတယ်။ ယားပြီး အင်ပြင်အနီကွက် အဖုလေးတွေပေါ်ပါတယ်။ ဘယ်ဆေးသောက်ရမလဲ။ Levocetirizine Dihydrochloride 10mg သောက်လည်းမကောင်းပါဘူးဗျာ။ အရေပြားဆရာဝန်နဲ့ ပြထားတာပါ။ ပထမတော့ ဓာတ်မတည့်လို့ ဖြစ်တာလို့ပြောပါတယ်။ အခုသွေးထဲမှာ အယားဓာတ်ရှိလို့၊ ဆေးပြောင်းမပေးလို့ ဘာလုပ်သင့်ပါသလဲ။
Arakan Khine Linn(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးယားတယ်ပြောတာနဲ့ အရေပြားပေါ် အင်ပြင်ထတာအတူတူပါပဲ။ မတည့်တဲ့ဓာတ်နဲ့ ထိတွေ့မိလို့ ခန္ဓာကိုယ်ထဲထွက်လာတဲ့ ပစ္စည်းတွေကြောင့် အရေပြားမှာ အင်ပြင်ထရတာပါ။ အခုပေးထားတဲ့ဆေးက ထွက်လာတဲ့အင်ပြင်ကို သက်သာအောင်၊ ယားတာသက်သာအောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ ယားခြင်းဖြစ်စေတဲ့အရာ (Allergen) ပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။ ဒါကြောင့် ယားခြင်းဖြစ်စေတဲ့အရာကိုရှာဖွေပြီး ရှောင်ဖို့က အဓိကဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာကို မရှာနိုင်သေးတဲ့အချိန်မှာသက်သာဖို့ Levocetirizine ကို သုံးပါတယ်။

ဘာကြောင့် ဓာတ်မတည့်မှုဖြစ်သလဲဆိုတော့ အများစုကတော့ အရေပြားမှာရှိတဲ့ ပစ္စည်းတွေ (ဥပမာ-အမှုန်အမွှား၊ ပန်းဝတ်မှုန်၊ ကြောင်သန်း ခွေးသန်း စတာတွေ)မတည့်တတ်ဘူး။ တချို့ဆိုရင် ဆပ်ပြာ၊ အလှကုန်ထဲက ဓာတ်တစ်ချို့ စတာတွေနဲ့ မတည့်တာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အစားအသောက်ထဲက ပရိုတင်းဓာတ်တစ်မျိုးနဲ့မတည့်ရင်လည်း အင်ပြင်ထပြီး ယားယံတတ်ပါတယ်။ ရင်ကျပ်သမားတွေဆိုရင် အသက်ရှူလမ်းကြောင်းကနေ ရှူရှိုက်မိတဲ့အရာတွေနဲ့ မတည့်တဲ့အခါ နှာရည်ယိုတာ၊ ရင်ကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ် နေ့စဉ်ဘာစားသလဲ၊ ဘာတွေနဲ့ ထိတွေ့သလဲဆိုတာတွေမှတ်ထားပြီး ဘယ်အချိန်မှာ အင်ပြင်ထသလဲဆိုတာ ရှာဖွေလေ့လာရပါမယ်။ သိရင် အဲဒီအကြောင်းကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုရှောင်ကြဉ်မှသာ အင်ပြင်ထတာ သက်သာစေပါလိမ့်မယ်။ အဓိက ကိုယ့်ဘာသာမှတ်တမ်းလေးရေးထားပြီး ဘာနဲ့မတည့်သလဲဆိုတာကို အဓိက ရှာဖွေဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top