Healthy Life Ad
Health Tips

ခြေထောက်တွင် ဆိုးရီးယေးစစ် အရေပြားနာဖြစ်ခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဆိုးရီးယေးစစ်အရေပြားနာက ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ ဆိုးရီးယေးစစ် အရေပြားအနာဖြစ်နိုင်ခြေများပါတယ်။ ခြေထောက်တွေက စိုစွတ်နွေးထွေးလေ့ရှိတာကြောင့် ဆိုးရီးယေးစစ်ရောဂါဖြစ်ရင် ပိုပြီးကြာရှည်တတ်ပါတယ်။ ဖိနပ်စီးရာမှာလည်း ယုံကြည်မှုမရှိတဲ့အတွက် ဆိုးရီးယေးစစ်အရေပြားနာကို အလွယ်တကူ ကုသနိုင်မယ့် သဘာဝနည်းတွေကို မျှဝေလိုက်ရပါတယ်။

သဘာဝဆေး (၁) ဆော်ဒါမှုန့် လိမ်းခြင်း

ကြက်သီးနွေးရေ ထည့်ထားတဲ့ ဇလားတစ်လုံးထဲ ဆော်ဒါမှုန့်အကြမ်းပန်းကန်လုံး တစ်ခွက်စာထည့်ပြီး ခြေထောက်ကို စိမ်ပေးပါ။ ပြီးရင် ခြေထောက်ကို ခြောက်သွားအောင် ပြန်သုတ်ပေးပါ။

သဘာဝဆေး (၂) လက်ဖက်ဆီ

အုန်းဆီလိုပဲ လက်ဖက်ဆီက ပိုးမွှားတွေကိုတွန်းလှန်နိုင်ပြီး ရောင်ရမ်းမှုလျော့ကျစေပါတယ်။ ခြေထောက်ရှိ ဆိုးရီးယေးစစ်အနာတွေပေါ် လက်ဖက်ဆီနဲ့ ရေဆတူရောပြီး လိမ်းပေးရပါမယ်။

သဘာဝဆေး (၃) အုန်းဆီ

အုန်းဆီမှာ အစွမ်းထက် ပိုးသတ်အစွမ်းနဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့် ခြေထောက်မှာ သုတ်လိမ်းပေးရင် ဆိုးရီးယေးစစ်အရေပြားနာကို သက်သာစေပါတယ်။

သဘာဝဆေး (၄) ရှားစောင်းလက်ပပ်

ခြေထောက်မှာဖြစ်တဲ့ ဆိုးရီးယေးစစ် အရေပြားရောဂါကို ရှားစောင်းလက်ပပ် အနှစ်သားနဲ့ ကုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး ဆိုးရီးယေးစစ် အရေပြားအနာပေါ် လိမ်းပေးရမှာပါ။

သဘာဝဆေး (၅) ငှက်ပျောခွံ

ငှက်ပျောသီးစားတာက သွေးအားကောင်းစေပါတယ်။ ငှက်ပျောသီးစားပြီး ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ သင့်ခြေထောက်မှာ ဆိုးရီးယေးစစ်အနာတွေရှိရင် ငှက်ပျောခွံနဲ့ ညင်ညင်သာသာပွတ်ပေးပါ။

သဘာဝဆေး (၆) နနွင်းမှုန့်(ဆနွင်းမှုန့်)

နနွင်းမှုန့်အနည်းငယ်ထဲ ရေနည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ်ဖျော်ပါ။ ရလာတဲ့ နနွင်းမှုန့်ရည်ကို ခြေထောက်ရှိ ဆိုးရီးယေးစစ်အရေပြားနာပေါ်မှာ သုတ်လိမ်းပါ။ အိပ်ရာဝင်ချိန်လုပ်ပြီး နောက်တစ်နေ့မှာ ရေနဲ့ဆေးလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top