Healthy Life Ad
Health Tips

ဆောင်းတွင်း၌ ချော်လဲခြင်းမဖြစ်စေမည့် ကာကွယ်နည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းတွင်းမှာ လူကြီးတွေသာမက လူငယ်တွေလည်း ချော်လဲနိုင်ခြေများတဲ့အတွက် ဘယ်လို သွားလာသင့်တယ်၊ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ဘယ်လိုထိန်းချုပ်သင့်တယ်ဆိုတာ အကြံပြုလိုက်ပါတယ်။

ဆောင်းတွင်း လမ်းလျှောက်ခြင်း
ဆောင်းတွင်းမှာ သွားလာလှုပ်ရှားတဲ့အခါ အထူးသဖြင့် အသက်ကြီးသူတွေမှာ ချော်လဲတာအဖြစ်များပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ကြိုတင်ကာကွယ်မှု တချို့ကို မျှဝေလိုက်ပါတယ်။

ဖိနပ်ဝယ်တဲ့အခါ အောက်ခံကို သေချာကြည့်ပါ။ မချော်နိုင်တဲ့ ခပ်ကြမ်းကြမ်း အောက်ခံအပြားပါတဲ့ ဖိနပ်ကို ရွေးချယ်ပါ။

အဆောက်အအုံထဲဝင်တော့မယ်ဆိုရင် ဖိနပ် ဒါမှမဟုတ် ခြေထောက်ကို ရေစင်တဲ့အထိ သေချာသုတ်ပါ။

ဖြစ်နိုင်ရင် လက်ရမ်း၊ လက်ကိုင် စတာတွေကို ကိုင်တွယ်ပြီး လျှောက်ပါ။

သွားလာတဲ့အခါ ချော်နိုင်တဲ့ ကြမ်းခင်း၊ လျှောက်လမ်းတွေကို တတ်နိုင်သမျှ ရှောင်ပြီး သွားလာပါ။

ကာကွယ်မှု
ခြေလှမ်းကို ခပ်ကျဲကျဲမလှမ်းပါနဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လျှောက်လှမ်းပါ။

လက်တွေကို အိပ်ကပ်ထဲ ထည့်မထားပါနဲ့၊ ဘာပစ္စည်းမှ မကိုင်ပါနဲ့။ လက်တွေကို ဒီအတိုင်း လွတ်လွတ်လပ်လပ်ထားတာက ခန္ဓာကိုယ်ဟန်ချက်ကို ပိုထိန်းနိုင်စေပါတယ်။

လှေကားတက်တဲ့အခါ အလေးအပင်တွေ သယ်မတာကို ရှောင်ပါ။

ဘယ်သွားမှာလဲဆိုတာ မျက်လုံးနဲ့ အရင်ကြည့်လိုက်ပါ။ ပြီးမှ တစ်လှမ်းချင်း ရောက်အောင် သွားပါ။

အမှိုက်သရိုက်၊ ရေကွက်တွေ၊ ရေခဲတုံးနဲ့ ချော်နိုင်တဲ့ ပစ္စည်းတွေရှိတဲ့ လမ်းကို တတ်နိုင်သမျှ ရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top