Healthy Life Ad
Child

ဝက်သက်ရောဂါအကြောင်း သိကောင်းစရာ

Healthy Life Journal

အခုအခါမှာ ဝက်သက်ရောဂါက ကလေးတွေ သာမက လူကြီးတွေမှာပါ ဖြစ်နေတယ်လို့ သိရတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ၅-၂-၂၀၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ဝက်သက်ရောဂါအကြောင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးလိုက်ရပါတယ်။

♦ ဘာကြောင့် ဝက်သက်ရောဂါ ဖြစ်ရတာလဲ
———————————————–
ဝက်သက်ရောဂါက ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles Virus)ကြောင့် ဖြစ်ပွားပါတယ်။

♦ ဝက်သက်ရောဂါက ဘယ်လိုကူးစက်တတ်ပါသလဲ
——————————————————

ကာကွယ်ဆေး မထိုးထားသူတွေအားလုံး၊ အသက်အရွယ်မရွေး၊ ကျား/မမရွေး ဝက်သက်ရောဂါ ကူးစက်နိုင်ပါတယ်။

♦ ဝက်သက်ရောဂါက ဘယ်သူတွေကို ကူးစက်နိုင် ပါသလဲ
————————————————————-
(၁) ဝက်သက်ရောဂါ ဖြစ်ပွားနေသူ ချောင်းဆိုး/ နှာချေခြင်းဖြင့် ဝက်သက်ဗိုင်းရပ်စ်ပိုးက လေထဲကို ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတဆင့် တခြား သူတွေကို ကူးစက်ခံရနိုင်ပါတယ်။
(၂) ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး/နှာချေ တာက ထွက်တဲ့ အညစ်အကြေး (တံတွေး၊ နှပ်၊ သ လိပ်) တွေကို တိုက်ရိုက် ထိတွေ့ခြင်းဖြင့်လည်း ကူး စက်ခံရနိုင်ပါတယ်။
(၃) တစ်ဦးမှတစ်ဦးကို အလွန်လျင်မြန်စွာ ကူးစက်တတ်ပါတယ်။
(၄) ဝက်သက်ရောဂါဖြစ်ပွားနေသူနဲ့ အနီးကပ် နေထိုင်ပြီး ကာကွယ်ဆေးထိုးထားခြင်း မရှိပါက ၁၀ ဦးလျှင် ၉ ဦးအထိ ကူးစက်ခံရနိုင်ပါတယ်။
(၅) ဝက်သက်ရောဂါမှာ အနီစက်/အနီပြင် တွေ မထွက်ပေါ်ခင် ၄ ရက်နဲ့ ထွက်ပေါ်ပြီး ၄ ရက်အ ထိ ကာလဟာ တခြားသူကို ကူးစက်နိုင်ခြေ အများဆုံးကာလ ဖြစ်ပါတယ်။

♦ ဝက်သက်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ
——————————————————————–
ကနဦးလက္ခဏာများ
♦အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေး ခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိနီရဲပြီး မျက်ရည်တွေ ကျခြင်း၊ ပါးစောင်မှာ အဖြူစက်ထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း
♦ ကနဦးလက္ခဏာတွေ စတင်ပေါ်ပေါက်ပြီး ၃ ရက်မှ ၅ ရက်မြောက်အတွင်း မျက်နှာနဲ့ လည်ပင်း မှ စတင်ကာ အနီစက်/အနီပြင်တွေ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။
♦ စတင်ပေါ်လာပြီးနောက် ၅ ရက်မှ ၆ ရက် ခန့်မှာ အနီစက်/အနီပြင်တွေ အရောင်ဖျော့ပြီး ပျောက်သွားတတ်ပါတယ်။

♦ ဝက်သက်ရောဂါဖြစ်ရင် ပြင်းထန်တဲ့အခြေအနေ မှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါ သလဲ
——————————————————————————————————————-
ပြင်းထန်စွာ အဆုတ်ရောင်ခြင်း၊ ရေဓာတ်ဆုံး ရှုံးမှုပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ နားအလယ်ခန်း ရောင်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ ဦးနှောက်ရောင် ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အသက် ၅ နှစ်အောက်ကလေးတွေ၊ အာဟာရ ချို့တဲ့သူတွေနဲ့ ကိုယ်ခံအားစနစ်အားနည်းသူတွေမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင် ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

♦ ဝက်သက်ရောဂါရှိသူကို ဘယ်လိုပြုစုကုသရမှာ လဲ
——————————————————–
ဝက်သက်ရောဂါရှိသူကို အရည်များများတိုက်ပါ၊ ကောင်းကောင်း အနားယူခိုင်းပါ၊ ဗီတာမင်အေ ထပ်မံတိုက်ကျွေးပေးပါ၊ တခြားသူတွေကို မကူးစက်အောင် သီးသန့်နေထိုင်ပေးပါ။ ဆေးမြီးတိုတွေနဲ့ ကု သမှု မလုပ်ပါနဲ့။ နောက်ဆက်တွဲဆိုးကျိုးလက္ခဏာ တွေပေါ်လာရင် ဆေးရုံမှာ ထိထိရောက်ရောက် ကုသပေးရပါမယ်။

♦ ဝက်သက်ရောဂါက ဘယ်လိုကာကွယ်ရမလဲ
————————————————-
ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပါ။ (ပထမအကြိမ်-ကလေးအသက် ၉ လနဲ့ ဒုတိယအကြိမ် -ကလေးအသက် ၁၈ လ)။ ဝက်သက်ပေါက်နေသူ နဲ့ ထိတွေ့တာနဲ့ လူစုလူဝေးထူထပ်တဲ့ နေရာတွေ သွားလာတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ လူနာနဲ့ ထိတွေ့ရင် နှာခေါင်းနဲ့ ပါးစက်ကို လုံအောင် အုပ်ပါ။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။

* အကြံပြုချက်
————-
ဝက်သက်ရောဂါကြိုတင်ကာကွယ်ဖို့ ကိုယ့်ကလေးကို ကာကွယ်ဆေးထိုးနှံရပါမယ်။
ပထမအကြိမ်-အသက် ၉လ၊ ဒုတိယအကြိမ် အသက် ၁၈လမှာထိုးနှံရမှာဖြစ်ပြီး ဝက်သက်ရောဂါ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးတဲ့ အသက် ၅နှစ် အောက်ကလေးတွေကို နီးစပ်ရာ ကျန်းမာရေးဌာန မှာ သွားရောက် ထိုးနှံပေးရပါမယ်။
ကျေးလက်ကျန်းမာရေးဌာန/ဒေသန္တရ/မြို့မ/မိခင်ကလေးကျန်းမာရေးဌာနတွေနဲ့ မြို့နယ်ဆေး ရုံ/ခုတင်(၁၀ဝ)နဲ့ အထက် ဆေးရုံကြီးတွေမှာ အ ပတ်စဉ်ဖွင့်လှစ်ထားတဲ့ ကာကွယ်ဆေးထိုးစုရပ်တွေ မှာ သွားရောက် ထိုးနှံနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top