Healthy Life Ad
Women

ကင်မ်ဆိုရွမ်း ၏ အလှအပလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

အသက် ၇ နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ ဝင်ရောက်လာတဲ့ ကင်မ်ဆိုရွန်းဟာ အခုလိုဆယ်ကျော်သက်အရွယ်အပျိုဖြန်းလေးဖြစ်လာချိန်မှာ တောက်ပတဲ့ မျက်ဝန်း၊ ချစ်စရာကောင်းတဲ့ အပြုံးနုလေးတွေနဲ့ ပိုမိုဖူးပွင့်လာခဲ့ပါတယ်။ ခြေတံရှည်ရှည်လေးနဲ့ လှပတဲ့ မော်ဒယ်လ်လေးအဖြစ် ကြီးပြင်းလာတဲ့ ကင်မ်ဆိုရွန်းက မျက်ဝန်းတောက်တောက်၊ အပြုံးချိုချိုတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

အသက် ၁၈ နှစ်အရွယ် ကင်မ်ဆိုရွန်းက ဆယ်ကျော်သက်အရွယ်ကတည်းက တောက်ပကြည်လင်တဲ့ အသားအရေရအောင် အသားဖြူစေတဲ့ အသားအရေထိန်းပစ္စည်းတွေကို ပုံမှန်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အသားဖြူတဲ့ အလှကုန်တွေကို ပုံမှန်သုံးစွဲပြီး နေရောင်ခြည်ကို စနစ်တကျ ကာကွယ်ခဲ့တဲ့အတွက် အသားအရေက တောက်ပလင်းလက်ပြီး အရွယ်ရောက်လာချိန်မှာ လူအများကြား ထင်ရှားတဲ့ပေါ်လွင်မှုအလှကို ရရှိတာဖြစ်တယ်လို့ ကင်မ်ဆိုရွန်းက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top