Healthy Life Ad
Life Style

အင်ပြင်ထလျှင် သက်သာရာ ရစေရန်

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အင်ပြင် ဘာကြောင့် ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ခန္ဓာကိုယ်က အရာတစ်ခုခုနဲ့ မတည့်တဲ့အခါ ဟစ္စတာမင်းပစ္စည်းနဲ့ ယားယံစေတဲ့ပစ္စည်းတွေကို ထုတ်ပေးတာကြောင့် အင်ပြင်ဖြစ်တတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက သွေးကြောယိုစိမ့်မှု ဖြစ်ပြီး သွေးကြော ကျယ်လာပါတယ်၊ အရေပြားကို အနီရောင်ဖြစ်စေ၊ ရောင်စေတတ်ပါတယ်။

မေး။ ။ အင်ပြင်ထတဲ့အခါ သက်သာရာရစေဖို့ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အင်ပြင်ထတဲ့အခါ သက်သာရာရစေဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

– အင်ပြင်ထတဲ့အခါ အဝတ်အစားကျပ်ကျပ် ဝတ်ရင် ပိုယားတတ်တဲ့အတွက် ပွပွချောင်ချောင်ချည်သား အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ရပါမယ်။

– အင်ပြင်ထတဲ့သူဟာ ခန္ဓာကိုယ် အပူချိန် အပြောင်း အလဲကို သတိထားရပါမယ်။ ရာသီဥတု ပူလွန်းရင် နားနေပြီး အေးတဲ့နေရာမှာ နေသင့်ပါတယ်။

– အအေးနဲ့ မတည့်တဲ့ အင်ပြင်ဖြစ်တတ်သူတွေက ရေကူးရင်တောင် တစ်ယောက်တည်း မကူးသင့်ပါဘူး။ အဝတ်အစား ရေစိုနေရင် မြန်မြန်လဲသင့်ပါတယ်။

– နေရောင်နဲ့ မတည့်လို့ အင်ပြင်ဖြစ်တတ်သူတွေက နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

– စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ် အပူချိန်တက်ပြီးယားလာတတ်လို့ စိတ်ဖိစီးမှု မများအောင် တရားထိုင်တာ၊ ယောဂကျင့်တာတို့ ပြုလုပ်သင့်ပါတယ်။

– အင်ပြင်ထတတ်တဲ့သူက ပူလွန်း၊ အေးလွန်းတဲ့ ရေကို မချိုးသင့်ပါဘူး။

– အကိုက်အခဲသက်သာစေတဲ့ ဆေးတွေကို သတိထားရပါမယ်။

– အင်ပြင်အတွက် အစားအသောက်ကို ဂရုစိုက်ရပါမယ်။ ဆိုးဆေးပါတဲ့ အစာတွေကို သတိထားရပါမယ်။ အရက်က သွေးကြောကျယ်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

– ရာသီဥတုပူရင် လှုပ်ရှားမှု မများအောင် သတိထားပြီး နေထိုင်သင့်ပါတယ်။

– ပူလွန်းတဲ့ ပတ်ဝန်းကျင်မှာ မနေသင့်ပါဘူး။ အရေပြား အေးမြစေမယ့် အသားအရေထိန်းပစ္စည်း တွေကိုပဲ သုံးသင့်ပါတယ်။

– အင်ပြင်ဖြစ်လိုက်၊ ပျောက်လိုက် သံသရာလည်နေ ချိန်မှာ အလှပြင်ပစ္စည်း၊ ဆံပင်ဆိုးဆေးနဲ့ အသားအ ရေထိန်းပစ္စည်း အသစ်တွေကို ပြောင်းပြီး မသုံးသင့်ပါဘူး။

အင်ပြင်ထတဲ့အခါ အဝတ်အစားကျပ်ကျပ်ဝတ်ရင် ပိုယားတတ်တဲ့အတွက် ပွပွချောင်ချောင်ချည်သား အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ရပါမယ်။ အင်ပြင်ထတဲ့သူဟာ ခန္ဓာကိုယ်အပူချိန် အပြောင်း အလဲကိုသတိထားရပါမယ်။ ရာသီဥတုပူလွန်းရင် နားနေပြီး အေးတဲ့နေရာမှာ နေသင့်ပါတယ် . . .

မေး။ ။ ဆိုးဆိုးရွားရွား အင်ပြင်ထတတ်တဲ့ သူတွေ သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါ ဆရာမ။
ဖြေ။ ။ အင်ပြင်က ဆိုးရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်တတ်ပါတယ်။ အသက်ရှူကျပ်တာ၊ အူလမ်း ကြောင်းရောဂါရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အင်ပြင်ဆိုးတတ်တဲ့ ဒီလိုအခြေအနေတွေမှာ ဆေးရုံတင်ပြီး ကုသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top