မေး. Cheese ကိတ်က ကျန်းမာရေးနဲ့ သင့်တော်ပါသလား။ ဘယ်လောက်ပမာဏ စားလို့ရပါသလဲ။ သားလေးက ချိစ်ကိတ်ကို အရမ်းကြိုက်ပြီး အများအပြားစားတတ်လို့ပါရှင်။
Wah Moe (FB)
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. ချိစ်ကိတ်က ပုံမှန် အသင့်အတင့်စားရင် ဘာမှပြဿနာမရှိပါဘူး။ နဂိုက ဝနေတဲ့ကလေး နေ့တိုင်း ချိစ်ကိတ်ကို အများကြီးစားနေမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ချိစ်ကတော့ နို့နဲ့ နို့ထွက်ပစ္စည်းဖြစ်တဲ့အတွက် တစ်ပတ်ကို တစ်ခါလောက်တော့ စားနိုင်ပါတယ်။ ကလေးက ပိန်တယ်ဆိုရင်တော့ သိပ်အချိုမများတဲ့ ချိစ်ကိတ်ကို စားလို့ရပေမယ့် ဝတယ်ဆိုရင် တစ်ရက်ကို သုံးကျပ်သား တစ်တုံးလောက်ပဲ စားပေးသင့်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)