Healthy Life Ad
Q & A

ရာသီအကူးအပြောင်းမှာ ဘယ်သူတွေ နာမကျန်းဖြစ်လွယ်သလဲ . . .

မေး ။ အခုဆို မိုးအကုန် ဆောင်းအကူးကာလဖြစ်လို့ အိမ်သူအိမ်သားတွေနာမကျန်းမှာ စိတ်ပူနေရပါတယ်။ ဘယ်လိုလူတွေက ရာသီအကူးအပြောင်းကာလတွေ မှာ ရောဂါဝေဒနာတွေပိုအဖြစ်များတတ်ပါသလဲရှင့်။
Layaung (Fb)

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ခန္ဓာကိုယ်ခုခံစွမ်းအားနည်းတဲ့သူ(ဥပမာ-အသက်အရွယ်ကြီးသူတွေ)၊ ကလေးငယ်တွေ၊ ခုခံအားကျဆင်းတဲ့ ရောဂါရှိသူ(ဥပမာ HIV ရှိတဲ့သူ)၊ ကင်ဆာရောဂါရှိသူ၊ Prednisolone လို့ ခေါ်တဲ့ စတီးရွိုက်ဆေးတွေကို အကြာကြီးသောက်နေရတဲ့သူ (ဥပမာ-ရင်ကျပ်ပန်းနာရှိသူ)၊ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ (COPD)၊ ဆီးချိုသွေးချို ရောဂါရှိသူတွေက ရာသီအကူးအပြောင်းကာလတွေ မှာ တုပ်ကွေးအဖြစ်များတတ်ပါတယ်။ ဒီလိုလူတွေက ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါရှိတဲ့သူတွေဆိုရင် Pneumococcal Vaccine ကို ထိုးဖို့ ညွှန်ကြားလေ့ရှိတယ်။ နမိုးနီးယားအဆုတ်ရောင်ရောဂါမရအောင် ကာကွယ်ပေးနိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top