Healthy Life Ad
Q & A

ဆောင်းရာသီနှင့် ကျန်းမာရေး

မေး ။ ဆောင်းရာသီမှာ ဘယ်လိုကျန်းမာရေး ပြဿနာတွေဖြစ်တတ်ပါသလဲ ဆရာ။
Ayar (Fb)

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း၊ တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ဆောင်းရာသီမှာ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ပိုဖြစ်တတ်ပါတယ်၊ အေးတဲ့အတွက် အဆစ်အမြစ်တွေ တအားကိုက်တတ်တယ်။ အရေပြား အနာရှိရင် ပိုနာတတ်ပါတယ်၊ ခြေဖျားလက်ဖျား အနာရှိရင် ပိုကိုက်တတ်တယ်။ ခြေဖျားလက်ဖျား အေးစက်တတ်ပါတယ်။ နှလုံး ရုတ်တရက်ရပ်သွားတာ (Heart Attack) ဖြစ်နိုင်ခြေများတယ်လို့ သုတေသနလေ့လာမှုအရ သိရပါတယ်။ဆောင်းရာသီမှာ ဖျားနာနိုင်ခြေများပါတယ်။ နော်ရိုဗိုင်းရပ်စ်ကြောင့် အန်တယ်၊ ဝမ်းလျှောတယ်။ ဒါတွေ အဖြစ်များပါတယ်။

အသက်ကြီးတဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။ တောင်ပေါ်ဒေသက အသက်ကြီးသူတွေဆို ဆောင်းတွင်းမှာ မနေနိုင်အောင် ကိုက်ခဲတတ်တဲ့အတွက် တခြားဒေသကို သွားရပါတယ်။ တချို့ကျတော့လည်း မီးလှုံပြီး နေကြတာရှိပါတယ်။

ဆောင်းရာသီမှာ နှုတ်ခမ်းကွဲတာ၊ အရေပြား ခြောက်သွေ့တာတွေ အဖြစ်များပါတယ်။ ဒါတွေကိုလည်း ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ ခရင်မ်၊ လိုးရှင်းလိမ်းပေးဖို့လိုပါတယ်။ နှုတ်ခမ်းကို အဆီလိမ်းပေးဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top