Healthy Life Ad
Q & A

ကြက်ဥကို တစ်နေ့ ၂၀လုံးလောက် စားရင် . . .

မေး. ကြက်ဥကို တစ်နေ့ ၁၅ လုံး၊ အလုံး ၂၀လောက် စားတာက သင့်တော်ပါသလား။
မိုးမိုး၊ တောင်ဒဂုံ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တစ်နေ့တည်းနဲ့ ကြက်ဥ ၁၅ လုံး-အလုံး ၂၀ စားတာက မသင့်တော်ပါဘူး။ အားကစားလုပ်နေလို့၊ ကြွက်သားတက်ချင်လို့ စားတယ်ဆိုရင်တောင် အလွန်ဆုံး ၉လုံး-၁၀ လုံးထက် ပိုမစားသင့်ပါဘူး။ ဒါတောင် ခန္ဓာကိုယ်အလေးချိန်၊ ပြုလုပ်တဲ့လေ့ကျင့်ခန်း၊ စားသမျှကယ်လိုရီ စတာတွေနဲ့ တွက်ချက်ပြီးမှ စားရတာပါ။ ကြွက်သားတက်ဖို့အတွက် ပရိုတင်းလိုအပ်တယ်ဆိုပေမယ့် အဲဒီပရိုတင်းကို ကြက်ဥတင်မက အသား၊ ပဲစတာတွေကလည်း ယူလို့ရပါတယ်။ ပရိုတင်းများများစားရင် ဝမ်းချုပ်တဲ့အတွက် အရည်သောက်တာ၊ အသီးအရွက်စားတာတွေကိုလည်း လုပ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top