Healthy Life Ad
Health Tips

ဆံချည်မျှင်သွေးကြောလေးများ ထိခိုက်ခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆံချည်မျှင်သွေးကြောဆိုတာ သင့်ခန္ဓာကိုယ်မှာ အသေးငယ်ဆုံးသွေးကြောလေးတွဖြစ်ပြီး အရေပြားရဲ့ အပေါ်ဆုံးအလွှာအောက်မှာ တွေ့နိုင်ပါတယ်။ တချို့သော အကြောင်းပြချက်တွေကြောင့် အရေပြားအပေါ်ယံရှိ ဆံချည်မျှင် သွေးကြောလေးတွေကထိခိုက်ပြီး သွေးလေးတွေ စိမ့်နေတတ်ပါတယ်။ အသားဖြူပြီး အရေပြား ပါးလျသူတွေမှာ သွေးစုပြီး အိုင်တာကို တွေ့နိုင်ပါတယ်။

သဘာဝဆေး (၁) ရှားစောင်းလက်ပပ်အနှစ်သား

ရှားစောင်းလက်ပပ်အနှစ်သားမှာ ဗီတာမင်အီးပါဝင်မှုများတဲ့အတွက် မျက်နှာပေါ်လိမ်းပြီး နှိပ်ပေးရင် ဆံချည်မျှင်သွေးကြောထိခိုက်မှုကို လျော့ပါးစေပါတယ်။

သဘာဝဆေး (၂) ဗီတာမင်အီးဆေးတောင့်

ဗီတာမင်အီး ဆေးတောင့်ကိုဖောက်ပြီး အရေပြားမှာ သုတ်လိမ်းပေးရင် ထိခိုက်နေတဲ့ ဆံချည်မျှင်သွေးကြောတွေကို သက်သာစေပါတယ်။

သဘာဝဆေး (၃) ဗီတာမင်စီ

ဗီတာမင်စီပါဝင်မှုများတဲ့ အစာတွေ စားပေးပါ။ ဗီတာမင်စီကလည်း အနာကျက်နှုန်းကောင်းစေပြီး ဆံချည်မျှင်သွေးကြောတွေကို တင်းရင်းစေပါတယ်။ အကြောင်းကတော့ ကော်လာဂျင် အထွက်တိုးစေလို့ ဖြစ်ပါတယ်။

ကာကွယ်ရေးနည်းလမ်းများ

ဆံချည်မျှင်သွေးကြောလေးတွေ ထိခိုက်မှုမဖြစ်အောင် လိုက်နာသင့်တဲ့နည်းတွေရှိပါတယ်။

– ညင်သာစွာ ကိုင်တွယ်ပါ

မျက်နှာကို ပုံမှန်သန့်စင်ဖို့၊ ကြေးချွတ်ဖို့နဲ့ အိပ်ရာမဝင်ခင် မိတ်ကပ်တွေကို သေချာဖျက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဘာပဲလုပ်လုပ် ညင်ညင်သာသာနဲ့ ဂရုတစိုက်ပြုလုပ်ပါ။

– ဆေးလိပ်မသောက်ပါနှင့်

ဆေးလိပ်သောက်တာက ကျန်းမာရေးထိခိုက်စေသလို သွေးကြောနဲ့ ဆံချည်မျှင်သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ရပါမယ်။

– အရက်ကို မသောက်ရမနေနိုင်လျှင် အသင့်အတင့်သောက်ပါ

အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံးပါ။ မသောက်ရ မနေနိုင်ရင် အသင့်အတင့်သာသောက်ပါ။

– ပူစပ်သော အစားအသောက်များ လျှော့စားပါ

ပူစပ်တဲ့ဟင်းလျာတွေကို စားတာကြောင့် မျက်နှာပြင် သွေးလှည့်ပတ်မှုတိုးစေပြီး ဆံချည်မျှင်သွေးကြောလေးတွေကို ထိခိုက်ပေါက်ပြဲ လွယ်စေပါတယ်။

– လွန်ကဲသော ရာသီဥတုကို ရှောင်ပါ

အေးလွန်း၊ ပူလွန်းတဲ့ ရာသီဥတုရှိတဲ့နေရာမှာ တတ်နိုင်သမျှမနေသင့်ပါဘူး။ အပြင်ထွက်ရင် မျက်နှာကို နေရောင်ခြည် တိုက်ရိုက်မကျအောင် ကာကွယ်ပါ။ နေရောင်ခြည်ပြင်းပြင်းက ဆံချည်မျှင်သွေးကြောတွေကို အားနည်းထိခိုက်လွယ်စေနိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top