Healthy Life Ad
Q & A

ကိုရီးယားအသားချောင်းကို ကျန်းမာရေးမထိခိုက်အောင် စားတတ်ဖို့ဆိုရင် . . .

မေး. ဆိုင်တွေမှာတွေ့ရတဲ့ ကိုရီးယားအသားချောင်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါသလား။ စားချင်ရင် ဘယ်လောက်အထိစားသင့်ပါသလဲ။
Ni Ni (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကိုရီးယားအသားချောင်းတွေမှာ အာဟာရတန်ဖိုးမရှိသလောက်ပါပဲ။ အသားတွေကိုကြိတ်ပြီး ဆန်မှုန့်တွေ၊ ဘာတွေနဲ့ ရောထားတဲ့အတွက် ကယ်လိုရီက အရမ်းမနည်းပါဘူး။ ဒါပေမဲ့ တာရှည်ခံအောင်လုပ်ထားလို့ ကျန်းမာရေးအတွက် ကောင်းကျိုးလည်းမရှိပါဘူး။ ဆိုဒီယမ်၊ တာရှည်ခံအောင် ထည့်ထားတဲ့အရာတွေ အများကြီးပါနေတာကြောင့် အမြဲစားသင့်တဲ့ အစာမဟုတ်ပါဘူး။ စားချင်ရင် တစ်ပတ်မှာ တစ်ချောင်း-နှစ်ချောင်းလောက်ပဲ စားပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top