Healthy Life Ad
International

တက်တူးမင်ရည်ရှိ ဓာတုပစ္စည်းများက သွေးဖြူဥတို့၏ ပြင်ပရောဂါပိုး တိုက်ခိုက်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေတတ်

မိုးမင်းထွန်း

တက်တူးမင်ရည်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက သွေးကြောထဲလည်ပတ်ကာ သားနံရည်ကျိတ် (lymph nodes) တွေမှာ စုစည်းသွားတတ်ကာ ရောင်ရမ်းမှုဖြစ်စေတာကြောင့် သွေးဖြူဥတွေရဲ့ ပြင်ပရောဂါပိုး တိုက်ခိုက်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေတတ်ကြောင်း သုတေသနအသစ်က တွေ့ရှိခဲ့ပါတယ်။

အရောင်အမျိုးမျိုးရရှိဖို့ တက်တူးမင် ည်ထဲမှာ ထည့်လေ့ရှိတဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်က သားနံရည်ကျိတ်တွေကို အရောင်ခြယ်ပေးသလို ယခင်လေ့လာမှုတွေအရလည်း ကင်ဆာ၊ အရေပြား ယားယံတာနဲ့ အနာကျက်နှေးတာတို့ကို ဖြစ်ပေါ်စေတတ်ကြောင်း တွေ့ရှိထားပါတယ်။ ပြင်သစ်နိုင်ငံရှိ ဥရောပပိုးမွှားတုံ့ပြန်မှုအဖွဲ့မှ ဦးဆောင်သုတေသီ ဟီရမ်ကက်စတီလိုက လူတွေတက်တူးထိုးတဲ့အခါ ပိုးသတ်ထားတဲ့ အပ်သုံးတဲ့ဆိုင်တွေကိုသာ ဂရုတစိုက်ရွေးချယ်တတ်ပေမယ့် တက်တူးမင်ရည်မှာပါတဲ့ ဓာတုပစ္စည်းတွေရဲ့ ဆိုးကျိုးကို သတိပြုမိသူရှားပါးကြောင်း ပြောကြားခဲ့ပါတယ်။

သုတေသီတွေက အားကောင်းတဲ့ X-rays အသုံးပြုကာ စူးစမ်းခဲ့ကြပြီး တက်တူးမင်ရည်မှာပါဝင်တဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်တွေက သားနံရည်ကျိတ်တွေမှာ စုစည်းသွားကြပြီး ရောင်ရမ်းမှုဖြစ်စေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့် သွေးဖြူဥတွေရဲ့ ပြင်ပရောဂါပိုး တိုက်ခိုက်နိုင်စွမ်နဲ့ ရောဂါဖြစ်ပွားစေတဲ့ ဓာတ်တွေကို စစ်ထုတ်ရာတို့မှာ အနှောင့်အယှက်ဖြစ်စေတယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top