Healthy Life Ad
International

တက်တူး၏ ထူးဆန်းသောဆိုးကျိုးကိုတွေ့ရှိ

၊ မိုးမင်းထွန်း ၊

ဒေးဗစ်ဘက်ခမ်း၊ ဟယ်ရီစတိုင်စ်တို့လို နာမည်ကျော်တွေအပါအဝင် လူအများစုက ခန္ဓာကိုယ်အလှအပအနေနဲ့ တက်တူးထိုးကြတာ ခေတ်စားပါတယ်။ ဒါပေမဲ့ အမေရိကန်သုတေသီတွေက မကြာခင်က တက်တူးရဲ့ ထူးဆန်းတဲ့ဆိုးကျိုးကို ဖော်ထုတ်လိုက်ပါတယ်။

တက်တူးထိုးထားတဲ့ အရေပြားက ပုံမှန်အရေပြားထက် ချွေးထွက်နည်းတာကိုတွေ့ရှိခဲ့ပြီး သူတို့ရဲ့ချွေးတွေမှာ ဆိုဒီယမ်ပါဝင်မှုနှစ်ဆနီးပါးများတာကို တွေ့ရှိခဲ့ပါတယ်။ ချွေးထွက်တာက ခန္ဓာကိုယ်အပူချိန် မျှတစေပါတယ်။ ချွေးထွက်နည်းမယ်ဆိုရင် အပူချိန်များတာ၊ အပူကြီးတာ (Heat stroke) တို့ဖြစ်ပေါ်နိုင်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပုံမှန်ထက် ဆိုဒီယမ်ပမာဏဆုံးရှုံးပါကလည်း မြန်မြန်ရေဓာတ်ခမ်းခြောက်စေကာ ကြွက်တက်တာလိုဝေဒနာတွေ ခံစားရစေပါတယ်။

သုတေသီတွေက ကျန်းမာရေးကောင်းမွန်တဲ့ တက်ထူးထိုးထားတဲ့ အမျိုးသား ၁၀ယောက်ကို စမ်းသပ်ခဲ့ကြတာပါ။ သူတို့ရဲ့ချွေးထွက်နှုန်းနဲ့ ချွေးမှာပါဝင်တဲ့ ဆိုဒီယမ်ပမာဏတို့ကို စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ တက်တူးမထိုးခင် ဒီဆိုးကျိုး ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့အကြောင်း အရင်သိထားသင့်တယ်လို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top