Healthy Life Ad
Q & A

မိတ်ကပ်အသစ်ကြောင့် အရေပြား ထိခိုက်သွားတဲ့အခါ . . .

မေး။ ။ ကျွန်မ မိတ်ကပ်အသစ်တစ်မျိုး သုံးလိုက်တဲ့အခါ အရေပြားယားပြီး ပျက်စီးသွားပါတယ်။ အဲဒီလို မိတ် ကပ်ကြောင့် အရေပြားထိခိုက်သွားရင် ဘာလုပ်သင့်ပါသလဲ ဆရာမ။
Layeik(FB)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အရေပြားက ယားနေရင် ရေအေးဖတ်လေးတင်သင့်ပါတယ်။ မိတ်ကပ်နဲ့ သုံးလက်စ အရေပြားထိန်းပစ္စည်းတွေ အကုန် ရှောင်လိုက်သင့်ပါတယ်။ အယားပျောက်ဆေးသောက်သင့်ပါတယ်။ တတ်နိုင်သမျှမကုတ်ပါနဲ့။ ကုတ်မိရင် အမာရွတ် ကျန်တတ်ပါတယ်။ မသက်သာရင် အရေပြားအထူးကုဌာနမှာ ပြသင့်ပါတယ်။
မိတ်ကပ်လိမ်းတာကြောင့် ဆိုးကျိုးတွေမရအောင် ကာကွယ်သင့်တဲ့နည်းတွေကတော့-

– မိတ်ကပ်မလိမ်းခင် စမ်းကြည့်ဖို့ပါ၊

– မိတ်ကပ်လိမ်းတဲ့အခါ ပွတ်တိုက်တာကို မပြုလုပ်ဘဲ ညင်ညင်သာသာ လိမ်းသင့်ပါတယ်။ လက်ချောင်း လေးတွေနဲ့တို့ထိပြီး ဒါမှမဟုတ် ရေမြုပ်လေးနဲ့ လိမ်းသင့်ပါတယ်။ နေရာအနှံ့ မျှမျှတတ လိမ်းရမှာ ဖြစ်ပါတယ်။

– တချို့မျက်နှာနေရာတွေက အရေပြား ပိုပါးတတ်ပါတယ်။ ဥပမာ- မျက်ခွံ၊ နှုတ်ခမ်းတစ်ဝိုက်နဲ့ မျက် လုံးတစ်ဝိုက် အရေပြားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကို ပိုဂရုစိုက်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top