Healthy Life Ad
Q & A

ရေကျောက်ပေါက်တဲ့အခါ . . .

မေး. ရေကျောက်ပေါက်နေသူတွေအနေနဲ့ ဘာတွေသတိထားသင့်ပါသလဲရှင့်။
ဒေါ်လေးခင်၊ တွံတေး။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ရေကျောက်ပေါက်နေရင် အရည်ကြည်ဖုလေးတွေ သူ့ဘာသာအနာကျက်ပြီး ပျောက်တဲ့အထိ စောင့်ရပါမယ်။ ကုတ်ခြစ်တာ၊ ထိခိုက်မိတာ၊ ဒဏ်ရာရတာ၊ ဆေးအပူတွေနဲ့ အရေပြားကိုစားစေမယ့် ဆေးတွေလိမ်းတာကို လုံးဝရှောင်ရပါမယ်။ ယားလို့ကုတ်ရင် အနာရင်းပြီး အမာရွတ်နက်နက်ကျန်တတ်တယ်။ အကောင်းဆုံးက ဆေးရုံ၊ ဆေးခန်းကို သေသေချာချာ ပြသသင့်တာပဲ ဖြစ်ပါတယ်။ အရေပြားက ပူနေရင် ပိုယားတတ်လို့ အလုပ်နဲ့ကျောင်းကို ခဏနားသင့်ပါတယ်။ ရေကျောက်ပေါက်နေသူကို သီးသန့်ခွဲထားသင့်ပါတယ်။ သူတစ်ပါးကိုမကူးစက်နိုင်တော့မှ ပုံမှန်ကျောင်းတက်၊ အလုပ်သွားလုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top