Healthy Life Ad
Health Tips

အရေပြား အသားသီးကို အလွယ်ဖယ်ရှားနည်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အရေပြားမှာ အသားသီး(Skin Tag) လေးတွေ ပေါက်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် အရေပြား အသားသီးလေးတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတဲ့ အိမ်တွင်းနည်းကို မျှဝေလိုက်ပါတယ်။

(၁) လက်ဖက်ဆီ
ရေနွေးထဲ ဝါဂွမ်းစလေးဆွတ်ကာ လက်ဖက်ဆီသုံးစက်ထည့်ပါ။ ပြီးရင် အရေပြားအသားသီးကိုတို့တိပြီး ညင်ညင်သာသာနှိပ်ပေးပါ။ တစ်နေ့ သုံးကြိမ်လုပ်ပေးပါ။

(၂) ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်း ထဲမှာ ဝါဂွမ်းစလေးဆွတ်ပြီး ခြောက်သွေ့သန့်ရှင်းတဲ့ အရေပြားအသားသီးပေါ်သုတ်လိမ်းပါ။ တစ်နေ့ သုံးကြိမ် လုပ်ပေးပါ။

(၃) သံပယိုရည်
လတ်လတ်ဆတ်ဆတ်လှီးထားတဲ့ သံပယိုသီးတစ်ခြမ်းပေါ် ဝါဂွမ်းစနဲ့ပွတ်ပြီး အသားသီးမှာ တိုက်ရိုက်လိမ်းပါ။ ရေနဲ့ ဆေးချစရာ မလိုပါဘူး။ တစ်နေ့ သုံးကြိမ်လုပ်ပါ။

(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူလေးမြွှာကို ညက်အောင်ထောင်းပြီး အရေပြားအသားသီးပေါ် တိုက်ရိုက် သုတ်လိမ်းပါ။ ကြက်သွန်ဖြူနဲ့ အသားသီးထိ တွေ့နေအောင် ပတ်တီးနဲ့ အုပ်ထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top