Healthy Life Ad
Q & A

ရာသီသွေးဆင်းများရခြင်းအကြောင်းရင်း

မေး။ ။ ရာသီလာတိုင်း သွေးဆင်းများနေပါတယ်။ ဘာကြောင့် သွေးဆင်းများရပါသလဲ ဆရာ။
ခင်မဒီ၊ ပန်းဘဲတန်း။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ဆယ်ကျော်သက်တွေမှာ ဟော်မုန်းတွေ မမှန်လို့ သွေးဆင်းများတတ်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဆင်းရဲတာနဲ့ ဝမ်းနည်းတာကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ တစ်ခါတလေ ရောဂါတွေကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ သားအိမ်ထဲမှာ အလုံးဖြစ်နေရင်၊ အသားပိုထွက်နေရင်၊ နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis) ရောဂါရှိရင်၊ မျိုးပွားအင်္ဂါမှာပိုးဝင်ရောင်ရမ်းနေရင် သွေးဆင်း များတတ်သလို တစ်ခါတစ်ရံ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်းထည့်ထားရင်လည်း သွေးဆင်းများတတ်ပါတယ်။

သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေကြောင့်လည်း သွေးဆင်းများတတ်ပါသေးတယ်။ ဒါကြောင့် သွေးဆင်းများတာကို မပေါ့ပါနဲ့။ တစ်ခါတလေ ဘာရောဂါမှမရှိဘဲ၊ ဘာအကြောင်းကြောင့်မှန်း မသိဘဲ သွေးဆင်းများနေတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးတွေအများကြီးဆင်းရင် သွေးအားနည်းတတ်ပါတယ်။ မောပန်းနေတတ်ပါတယ်။ ပုံမှန်အတိုင်း လမ်းလျှောက်နေရင်း ရင်တွေတုန်လာတတ်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top