(၁) ခြေထောက်နာကျင်မှုကို သက်သာစေပါတယ်။
(၂) ခြေထောက်သွေးလှည့်ပတ်မှုကို အားကောင်းစေပါတယ်။
(၃) ခြေထောက်ကို အားပြည့်စေပါတယ်။
(၄) အာရုံကြောဆိုင်ရာ ရောဂါဝေဒနာရှိသူတွေမှာ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
(၅) စိတ်ဖိစီးမှုနဲ့ နုံးချည့်ညောင်းညာတဲ့ ဝေဒနာကိုသက်သာစေပါတယ်။
ဘယ်လိုနှိပ်နယ်ရမလဲ
အိပ်ရာမဝင်ခင် ခြေထောက်ကို ကြက်သီးနွေး ရေနဲ့ဆေးကြောပါ။ ထိုင်နေစဉ် ဆန့်ကျင်ဘက်ပေါင်ပေါ်မှာ ခြေထောက်တစ်ချောင်းတင်လိုက်ပါ။ ခြေချောင်းလေးတွေကို ကွေးထားပြီး လက်မနဲ့ လက်ဖနောင့်ကိုသုံးပြီး ခြေဖဝါးနေရာကို စတင်နှိပ်နယ်ပါ။ ပြီးရင် ခြေချောင်းနေရာတွေ အထိ ဖိအားပြင်းပြင်းနဲ့ နှိပ်နယ်သွားရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)