Healthy Life Ad
Life Style

ရန်ပွဲမကြိုက်တဲ့ သမီးလေး…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ရန်ဖြစ်နေတုန်း ဧည့်ခန်းထဲမှာ ဆော့ကစားနေတဲ့ သမီးလေး ကြမ်းပြင်ပေါ်လဲကျသွားတဲ့ အသံကို ကြားလိုက် ရပါတယ်။ ဒါနဲ့ ရန်ဖြစ်နေတာမေ့သွားပြီး သမီးလေးဆီ အပြေးအလွှားသွားကြည့်ကာ ထူပွေ့ လိုက်ပါတယ်။

တဆတ်တည်း သတိရမိလိုက်တာက မနေ့က ကျွန်တော်တို့နှစ်ယောက် မီးဖိုချောင်ထဲမှာ အချေအတင် စကားပြောနေတုန်း သမီးလေးက မီးဖိုချောင်ထဲဝင်လာပြီး ကျွန်တော့်လက်ကို ဇွတ် အတင်းဆွဲခေါ်ခဲ့တာကိုပါပဲ။

“ဘာလို့လဲ သမီးလေး”လို့မေးလိုက်တော့ လေးနှစ်အရွယ် သမီးလေးက-

“သမီး အိပ်ချင်တယ်ဖေဖေ၊ တစ်ယောက် တည်း မအိပ်ရဲလို့ . . ဖေဖေလိုက်ခဲ့”

ဒါနဲ့ သမီးလေးနဲ့အတူ အိပ်ခန်းထဲဝင် လှဲလျောင်းရင်း သမီးလေးကို ပုံပြင်ပြောပြလိုက်၊ ကျောပွတ်ပေးလိုက်နဲ့ ကျွန်တော်ပါ အိပ်မောကျ သွားခဲ့ပါတော့တယ်။
အခုလည်း သမီးလေးက ကျွန်တော်တို့နှစ်ယောက်ကိုပြုံးပြရင်း “ဘာမှမဖြစ်ပါဘူး”ဆိုပြီး ကျွန်တော့်ကို သူနဲ့ကစားဖို့ခေါ်ပါတော့တယ်။ အိမ်ရှင်မက အိမ်အလုပ်တွေဆက်လုပ်ဖို့ ထွက်သွားတော့မှ ကျွန်တော့်ကို “ဖေဖေ စာဖတ်ချင် ဖတ်လေ၊ သမီးတစ်ယောက်တည်း ကစားမယ်”တဲ့။

နောက်ဆုံးမှာ ကျွန်တော် နားလည်လိုက်ပါ ပြီ။ ကလေးတွေက မိဘတွေရန်ဖြစ်မှာကို ဘယ်လိုမှ သဘောမကျတာပါလား၊ မိဘတွေ စကားများမှာကို မလိုလားပါလား။ အခုတော့ သမီးလေး နဲ့အတူ ကျွန်တော်တို့နှစ်ယောက် အေးအေး ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top