Healthy Life Ad
Life Style

ဆွေမျိုးတစ်ဝမ်းကွဲများ လက်ထပ်ခြင်းဖြင့် မွေးရာပါချို့ယွင်းချက်ပါ ကလေးမွေးဖွားနိုင်ခြေနှစ်ဆမြင့်မား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မောင်နှမတစ်ဝမ်းကွဲအချင်းချင်း လက်ထပ်တဲ့အခါ မွေးလာတဲ့ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်ပါဝင်နိုင်ခြေ နှစ်ဆမြင့်မားတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

မောင်နှမတစ်ဝမ်းကွဲချင်းလက်ထပ်တဲ့အခါ မွေးလာတဲ့ကလေးတွေမှာ နှလုံးထိခိုက်တာ၊ အာရုံကြောစနစ်ဆိုင်ရာ ပြဿနာတွေအပြင် မွေးရာပါ ချို့ယွင်းချက်တွေဖြစ်နိုင်ခြေများပါတယ်။ ရှားရှားပါးပါးအနေနဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ခြေရှိပါတယ်။ မျိုးဗီဇတူနေတာကြောင့် မြုပ်နေတဲ့ရောဂါ မျိုးရိုးဗီဇတွေရှိနိုင်တဲ့အတွက် သားသမီးရတဲ့အခါ ကလေးတွေမှာ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်သလို တခြားမျိုးဗီဇချို့တဲ့တဲ့ ရောဂါဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါ ဆွေမျိုးရင်းချာတွေကို ရှောင်ရှားသင့်ပြီး ဆွေမျိုးမဟုတ်လေ၊ နောက်မျိုးဆက်အတွက် သင့်တော်လေဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top