Healthy Life Ad
Health Tips

မာလကာရွက်၏ ကျန်းမာရေးကောင်းကျိုးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မာလကာပင်ပေါ်တက်ပြီး မာလကာသီးခူးစားရတဲ့ ငယ်ဘဝကို ပြန်သတိရမိပါတယ်။ မာလကာသီးတွေပဲစားပြီး မာလကာရွက်တွေကိုတော့ အသုံးဝင်မှန်းမသိခဲ့ပါဘူး။ တကယ်တော့ မာလကာရွက်တွေကလည်း ဒဏ်ရာလေးတွေမှာ ကူးစက်ပိုးအသေးအမွှားဝင်တာကနေ ဆီးချိုရောဂါအထိ ရောဂါဝေဒနာအများစုကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ မာလကာရွက်မှာ ဗီတာမင်စီနဲ့ ပိုးသတ်အစွမ်းတွေ ပါဝင်ပါတယ်။ မာလကာရွက်အနည်းငယ်ကို စင်ကြယ်အောင်ဆေးကြောပြီး ရေထဲထည့်ပြုတ်ပေးပါ။ ပြီးရင် ခဏတာအအေးခံပြီးမှ သောက်သုံးသင့်ပါတယ်။ ဒီလိုသောက်သုံးတာကြောင့် အောက်ပါကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။

– သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်

သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောများတဲ့အခါ နှလုံးရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကိုမြင့်တက်စေနိုင်ပါတယ်။ မာလကာရွက်စိမ်ထားတဲ့ ရေနွေးကြမ်းမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် သွေးလွှတ်ကြောတွေထဲမှာ မကောင်းတဲ့ ကိုလက်စထရောစုပုံမှုမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ မာလကာရွက်ရေနွေးကြမ်းမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းလည်းရှိပါတယ်။

– ကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်

အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ မာလကာရွက် ရေနွေးကြမ်းသောက်တာကြောင့် ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

– သွားဖုံးရောင်ရမ်းတဲ့ ဝေဒနာကို အနာကျက်စေပါတယ်

မာလကာရွက် ရေနွေးကြမ်းသောက်တာကြောင့် သွားဖုံးရောင်ရမ်းသွေးထွက်တာကို သက်သာစေပါတယ်။ မာလကာရွက်မှာ ဗီတာမင်စီပါတဲ့အပြင် ပိုးသတ်အစွမ်းရှိတဲ့အတွက် ခံတွင်းကျန်းမာရေးကောင်းမွန်စေတာပါ။

– ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပါတယ်

ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်စားမိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ မာလကာရွက်ရေနွေးကြမ်းသောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိန်းချုပ်ပေးနိုင်ပါတယ်။

– ကိုယ်အလေးချိန်အပိုကို လျော့ကျစေပါတယ်

မာလကာရွက်ရေနွေးကြမ်းသောက်ရင် ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ ကိုယ်အလေးချိန်ပေါင်အပိုတွေကို ကင်းစင်စေပါတယ်။

– အသားအရေ ကျန်းမာစေပါတယ်

မာလကာရွက်ရေနွေးကြမ်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ဗီတာမင်စီပါဝင်တာကြောင့် ရောင်ရမ်းမှုလျော့ကျစေကာ အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်စွမ်းရှိစေပါတယ်။ ဝက်ခြံအဖုအပိမ့်တွေပေါ် ရေစင်အောင်ဆေးထားတဲ့ မာလကာရွက်ကို ကပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top