Healthy Life Ad
Health Tips

အစာကြေစေမည့် အိမ်သုံးနည်းများ

အစာမကြေတဲ့ဝေဒနာနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ပြဿနာတွေက ကျန်းမာနေတဲ့လူတွေမှာ တောင်ရုတ်တရက်ဖြစ်ပေါ်တတ်ပါတယ်။ လေထတာ၊ လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေချဉ်တက်တာ၊ အစာမကြေတာ၊ အစာစုပ်ယူမှုအားနည်းတာ စတဲ့အစာအိမ်ဝေဒနာတွေဖြစ်ပေါ်လာရင် ဝေဒနာသက်သာစေဖို့ လုပ်သင့်တဲ့ အိမ်သုံးနည်းတွေရှိပါတယ်။

(၁) ရှလကာရည်နှင့် ပန်းသီးဖျော်ရည်

နံနက်စာစားပြီးချိန်နဲ့ နေ့လယ်စာ မစားခင်အချိန်တွေမှာ ရှလကာရည်နဲ့ ပန်းသီးဖျော်ရည်တွေကိုသောက်တာက အစာကြေစေပါတယ်။ ရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ပန်းသီးဖျော်ရည်တစ်ဖန်ခွက်တို့ကိုရောမွှေပြီး သောက်ပေးရမှာဖြစ်ပါတယ်။ ဒီအရည်က အစာကြေစေပြီး ဟိုက်ဒရိုကလိုရစ် အက်စစ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

(၂) သံပုရာသီး၊ ရှောက်သီး

နံနက်စာစားခါနီးမှာ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည်၊ ရှောက်ရည်တစ်ခွက်လောက် သောက်ပေးပါ။ နေ့စဉ် ဒီလိုသောက်ပေးတာက အစာအိမ်ထဲက အကြွင်းအကျန်တွေကို သန့်စင်ပေးနိုင်ပြီး အက်ဆစ်အပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၃) ခါးသက်သောဆေးဖက်ဝင်အပင်များ

ခါးသက်တဲ့ ဆေးဖက်ဝင်အပင်တွေကို အစာမစားခင် ၂၀-၃၀မိနစ်အလိုမှာ စားပေးရင် အစာခြေအင်ဇိုင်း၊ အက်စစ်တွေရဲ့ ထွက်ရှိနှုန်းအားကောင်းစေကာ အစာချေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(၄) အစာစားစဉ် အအေးမသောက်ခြင်း

အေးတဲ့အရည်တွေက အစာခြေဖျက်တဲ့ဖြစ်စဉ်ကို နှေးစေတာကြောင့် အစာစားရင်း အအေးမသောက်သင့်ပါဘူး။ အစာစားချိန်မှာ ရေနွေး ဒါမှမဟုတ် ဆေးဖက်ဝင်လက်ဖက်ရည်ကိုသာ သောက်သင့်ပါတယ်။ ကဖင်းနဲ့ အရက်ကလည်း ဟိုက်ဒရိုကလိုရစ် အက်စစ်အထွက်တိုးစေတာကြောင့် မသောက်သင့်ပါ။

(၅) အစာကြေညက်စေရန် ဝါးစားခြင်း

အစာကြေညက်စေမယ့်နည်းလမ်းတစ်ခုက အစာကို ဖြည်းဖြည်းချင်းကြေညက်တဲ့အထိ ဝါးစားဖို့ပဲ ဖြစ်ပါတယ်။ အစာကို ကြေညက်အောင် ဝါးစားတာက အစာတွေကို ချေဖျက်ပေးနိုင်တဲ့အပြင် အစာခြေအရည်တွေရဲ့ အထွက်နှုန်းကို တိုးစေပါတယ်။

(၆) ဟင်းခတ်အမွှေးအကြိုင်များ

အစာချေဖျက်တဲ့ဖြစ်စဉ်ကို အကူအညီပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရှိနေပါတယ်။ သစ်ကြားပိုးခေါက်၊ လေးညှင်း၊ ချင်း(ဂျင်း)စတာတွေပဲ ဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top