Healthy Life Ad
Health Tips

သွေးတိုးကျရန် သိထားသင့်သော တခြားအချက်များ

မေး. သွေးတိုးရောဂါရှိလို့ ဆရာဝန်နဲ့သေချာပြပြီး ဆေးလည်းသောက်ပါတယ်။ သွေးတိုးကျဖို့အတွက် တခြားဘယ်အချက်တွေက အရေးကြီးပါသလဲ။
ဦးမင်းမြင့်ဝင်း၊ ကျောက်မြောင်း။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. နောက်ထပ်အရေးကြီးတာက နေထိုင်မှုပုံစံကလည်းအရေးကြီးပါတယ်။

– တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ သွေးပေါင်တက်နေချိန်မှာတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

– အဆီလျှော့စားပါ။ အသီးအနှံများများစားပါ။

– စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

– အဝမလွန်အောင် ထိန်းရပါမယ်။

သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်မယ်ဆိုရင်၊ သတ်မှတ်ထားတဲ့ သွေးပေါင်တွေ ကျော်နေပြီဆိုရင် နေထိုင်မှုပုံစံကို အရင်ပြောင်းပေးရပါမယ်။ နောက်ပြီး ဆေးတိုက်ရပါမယ်။ ကျောက်ကပ် ထိ၊ မထိ ဆီးစစ်ရပါမယ်။ သွေးတိုးရောဂါရှိသူ ၁၀ဝ မှာ ၉၅ ရာခိုင်နှုန်းက မျိုးရိုးလိုက်ပြီး ဖြစ်တာဖြစ်ပါတယ်။ အသက် ၃၀နှစ်ကျော်မှ သွေးတိုးရှိတယ်ဆိုရင် မျိုးရိုးကြောင့်ဖြစ်တာများပါတယ်။ သွေးတိုးနဲ့တွဲနေတဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ အဆီများ၊ လေဖြတ်ရောဂါတွေအတွက်လည်း စစ်ဆေးနေဖို့လိုပါတယ်။ အီးစီဂျီရိုက်တာလည်း လုပ်ပေးရပါမယ်။ လိုအပ်ရင် ဓာတ်မှန်တွေ ရိုက်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top