Healthy Life Ad
International

ရင်သားတစ်ဖက်ကြီးလာသဖြင့် ဖြတ်ထုတ်ခဲ့ရသည့် ဆယ်ကျော်သက်လူငယ်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ အသက် ၁၃ နှစ်ကတည်းက ညာဖက်ရင်သားတစ်ဖက် ကြီးထွားလာခဲ့ပါတယ်။ ၆နှစ်တာကာလအတွင်း ဘရာစီယာအရွယ်အစား A-cup အထိ ရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာ ဆရာဝန်နဲ့ပြသခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုခံယူခဲ့ပါတယ်။ ဆရာဝန်တွေက Ultrasonography ရိုက်စစ်ဆေးကြည့်တဲ့အခါ လူငယ်ရဲ့ ညာဘက်သားမြတ်ဂလင်းမှာ ကြီးထွားမှုရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ ဘယ်ဘက်ရင်သားက ပုံမှန်အတိုင်းဖြစ်နေခဲ့ပါတယ်။

ညာဘက်သားမြတ်ဖြတ်ထုတ်တဲ့ ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး နောက်ထပ် ၅ ရက်အကြာမှာ ဆေးရုံမှဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုရောဂါမျိုးကို Gynecomastia လို့ခေါ်ပြီး ခန္ဓာကိုယ်အတွင်း ဟော်မုန်းမညီမျှတဲ့အခါ ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။ အသင့်စားအစားအစာတွေမှာ ဟော်မုန်းမညီမျှစေတဲ့ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် ဒီလိုအစားအစာစားလွန်းတဲ့ အမျိုးသားတွေမှာ အဖြစ်များကြောင်း သိရပါတယ်။ အမျိုးသားတွေအနေနဲ့ ကြက်ကြော်၊ ပဲနို့၊ ဂျယ်လီလို အသင့်စားအစားအစာတွေစားခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top